မန္တလေးတိုင်း၊  ညောင်ဦး-ချောက်လမ်းပိုင်းမှာ စလင်းမြို့နယ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီကားတန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၁၆ ရက်၊ မနက်အစောပိုင်းက ညောင်ဦးမြို့နယ်၊ ခမရ (ခြေမြန်တပ်ရင်း) ၄၁၅ တပ်ကနေ စလင်းမြို့နယ်ဘက် စစ်ကူထွက်လာတဲ့ စစ်ကောင်စီကား ၄ စီးကို Bagan Bo Cho PDF နဲ့ မဟာမိတ်တပ်တွေက လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ မိုင်းဆွဲမှုကြောင့် စစ်ကောင်စီရဲ့ သံချပ်ကာ ကား ၁စီး ထိခိုက်ပျက်စီးသွားပြီး အကြမ်းဖက်စစ်သား ၁ ယောက်လည်း နေရာတင် မျက်မြင်သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ထုတ်ပြန်ပါတယ်။

အဲ့ဒီနောက် အခင်းဖြစ်နေရာက ထိခိုက်ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီက ညောင်ဦးမြို့နယ်၊  စဉ့်ကူးနယ်မြေရဲစခန်းမှာ ဝင်ရောက် ဆေးကုသပေးရင်း ညောင်ဦးမြို့အတွင်းဘက်ဆီ ဖောကား ၄ စီးနဲ့  ပြန်လာချိန်မှာ တော်လှန်ရေးတပ်တွေက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား  ၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအားတော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြည့်ရှု့နေစဥ် (ဓာတ်ပုံ Bagan Bo Cho PDF)
မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအားတော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြည့်ရှု့နေစဥ် (ဓာတ်ပုံ Bagan Bo Cho PDF)

မိုင်းဆွဲတိုက်ခိုက်ခံရ​မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၁ယောက်လည်း ခေါင်းပြတ်သွားခဲ့ကြောင်းသိရပါတယ်။

“ဖောကား ၂စီး၊ သံချပ်ကာကား ၂စီးပါ။ စလင်းကိုအသွားမှာ အုတ်ကန်မိုင်းနဲ့ ခွဲတယ်။ ဒဏ်ရာရတဲ့သူတွေကို ပြန်ပို့တဲ့ အပြန်ကျ ပဒေသာမိုင်းပေါ့။” လို့ Bagan Bo Cho PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို  Bagan Bo Cho PDF နဲ့မဟာမိတ်တပ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ Bagan Bo Cho PDF က ထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်သားတချို့က ညောင်ဦးမြို့နယ်ဘက်ဆီ ပြန်လည် ပို့ဆောင်နေချိန်အတွင်း ရှေ့မှာ ကျန်နေခဲ့တဲ့သူတွေကလည်း မိုင်းထိ ပျက်စီးသွားတဲ့ သံချပ်ကာ စစ်ကား၁စီးကို ပြန်လည်ပြင်ဆင်ကာ အဲ့ဒီနေ့ ညနေပိုင်းမှာပဲ စလင်းမြို့နယ်ဘက်ဆီ စစ်ကူ ဆက်လက်ထွက်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအားတော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြည့်ရှု့နေစဥ် (ဓာတ်ပုံ Bagan Bo Cho PDF)
မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအားတော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြည့်ရှု့နေစဥ် (ဓာတ်ပုံ Bagan Bo Cho PDF)
0 Shares:
You May Also Like
Read More

ထိုင်းလွှတ်တော်နဲ့ WHO ပူးပေါင်းပြုလုပ်တဲ့ ကွန်ဖရန့်ကို CRPH တက်ရောက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့  နိုင်ငံတကာ ပါတီမန်များအဖွဲ့၊ ထိုင်းလွှတ်တော်နဲ့ WHO တို့ ပူးတွဲပြုလုပ်တဲ့ Regional Conference ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တက်ရောက်ခဲ့ပါတယ်။
Read More

နောင်ချိုမြို့နယ်အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေပြီး ခရီးသွားလာမှု ကန့်သတ်တာတွေ ပြုလုပ်လာနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုအစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး လမ်းခရီးတလျှောက် ခရီးသွားလာမှုတွေကိုပါ ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၂၆) တပ်ရင်း ပူးပေါင်းဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင် စစ်ဌာနလက်အောက်ရှိ ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းနဲ့ ယင်းမာပင်ခရိုင် အမှတ် (၂၆) တပ်ရင်းတို့ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်နယ်ကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ စက်တပ်လေထီးနဲ့ ၂ ရက်တိုင် ပစ်ခတ် ၊ ဒေသခံတစ်ဦးထိမှန်ဒဏ်ရာရ…

" အခြေအနေကတော့ ဘာမှထူးခြားမှုမရှိပါဘူးဗျ ၊ သပ်သပ်ကို လာကြဲတာပါ၊ နေအိမ်ကတော့ ပျက်ဆီး ဆုံးရှုံးမှုမရှိပါဘူးခင်ဗျ ၊ ဒဏ်ရာရတဲ့တစ်ယောက်က သူ့အိမ်မှာနေရင်းအစထိမှန်သွားတာ" လို့ ရွာဇော်ကြီးတော်လှန်အသံမှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။