ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း – Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းရဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲမှာတော့ ပခုက္ကူခရိုင် ရေးထောက် တာဝန်ခံက အဖွင့်အမှာစကားပြောကြားပြီး တပ်ရင်း တာဝန်ရှိသူတွေက သင်တန်းဆင်းရဲဘော်တွေကို အားဖြည့်စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းအနေနဲ့ ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ ဒေသတွင်းမဟာမိတ်တွေနဲ့ ပူးတွဲတိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဒီနေ့အချိန်ထိ စစ်ကောင်စီတပ်က သေဆုံးသူ ၁၁၆ ယောက်၊ အရှင်ဖမ်းမိသူ ၆ ယောက် ၊ လက်နက်မျိုးစုံ ၃၆ လက်၊ (G3 ၅ လက်၊ G4 ၁ လက်၊ MA 4 ၃ လက်၊ MA 1 ၇ လက်၊ MA 5 ၁ လက်၊ ကာဘိုင် ၃ လက်၊ MA 2 ၃ လက်၊ MA 3 ၅ လက်၊ MA 11 ၁ လက်၊ 79 mm ၁ လက်၊ Ba 100 ၆၀ mm ၁ လက်၊ ပြောင်းရှည် ၁ လက်၊ M16 ၂ လက်၊ ဒုတိယ ကမ္ဘာစစ်သုံး ခါချိုး ၂ လက်) သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကား ၂ စီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြီး ၁၂ ဘီးကား ၂ စီးသိမ်းဆည်းနိုင်ခဲ့သလို ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းရဲ့ တပ်ရင်းဆေးဌာနကလည်း လူနာပေါင်း ၇၅၀၀ ခန့် ဆေးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းမှာ ကျဆုံး အာဇာနည်ရဲဘော် ၁၀ ယောက် ရှိပြီး ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော် အယောက် ၃၀ ယောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံး အာဇာနည်ရဲဘော် ၁၀ ယောက်ထဲက ၃ ယောက်ဟာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တွေနဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်သိမ်းတဲ့ တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

အာဏာသိမ်းမှု ၄ နှစ်အတွင်း မြို့နယ်ပေါင်း ၂၀၃ ခုမှာ ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု အကြိမ် ၄၆၀ အထိ ဖြစ်ပွားခဲ့

စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းက  မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၆၀ အထိ ဖြစ်ပွားခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅ထောင်နီးပါးရှိဟု UEC ထုတ်ပြန်၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁ ထောင်ကျော်ဖြင့် အများဆုံးဖြစ်

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တင်သွင်းမှုအနေနဲ့ ငါးထောင်နီးပါးရှိတယ်လို့ မင်းအောင်လှိုင် လက်ပါးစေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းမည်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) တိုက်ခိုက်ရေးအဖွဲ့ကို အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ အဆိုပါ အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တပ်မတော်နေ့ နှစ်(၈၀) ပြည့်အခမ်းအနားကို တက်ရောက်ရန် ရုရှားနဲ့ ဘီလာရုစ်က ကာကွယ်ရေးဝန်ကြီးတွေ နေပြည်တော်ကိုရောက်ရှိနေ

အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။