မြန်မာနိုင်ငံအတွင်းမှာ စစ်ကောင်စီနဲ့ ရုရှားတို့ပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းတွေဟာ တရားဝင်မှု မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အတွင်း စီးပွါးရေးလုပ်ငန်တချို့ ပူးပေါင်းလုပ်ကိုင်ဖို့ သဘောတူညီမှုရရှိခဲ့တဲ့အပေါ် NUG က ကန့်ကွက်ပြီး တရားဝင်မှုမရှိဘူးလို့ ဦးကျော်ဇောက ဒီနေ့ မတ်လ ၁၈ ရက် ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ရုရှားနဲ့ ဘီလာရုစ်ခရီးစဉ်တွေအတွင်း ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် စီးပွါးရေးလုပ်ငန်းတချို့ကို စစ်ကောင်စီနဲ့ ရုရှား၊ ဘီလာရုစ် အစိုးရအဖွဲ့ဝင်တွေအကြား သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

“စစ်ကောင်စီနဲ့ ချုပ်တဲ့စာချုပ်တွေဟာ အကျိုးမရှိကြောင်းကို ရုရှားအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို NUG က စာပေးပို့ထားပြီး ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်တွေ တောင်းခံပြီး မလုပ်ကြဖို့၊ လုပ်နေတဲ့ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားဖို့ သတိပေးအကြောင်းကြားလိုပါတယ်”ဟု ဦးကျော်ဇောကဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ ရုရှားနဲ့ ဘီလာရုစ်ခရီးစဉ်ဟာ စစ်လက်နက်ပစ္စည်းရရှိရေး၊ အာဏာတည်မြဲရေးနဲ့ ရွေးကောက်ပွဲကနေ နိုင်ငံရေးထွက်ပေါက်ရှာဖို့အတွက် ဖြစ်တယ်လို့ ဦးကျော်ဇောက ပြောပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး ကျောင်းကားတွေ မထွက်နိုင်တော့လို့ ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရ…

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စက်သုံးဆီ ဆိုးရွားစွာ ပြတ်လပ်လာနေပြီး စျေးနှုန်းမြင့်တက်လာသလို ဝယ်ယူရတာပါ ခက်ခဲလာတာကြောင့် ရန်ကုန်မြို့က ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်ထားရတယ်လို့ ကျောင်းသားမိဘတွေနဲ့ ပုဂ္ဂလိကကျောင်းတွေဆီက သိရပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီနှင့် ရုရှား လက်မှတ်ထိုး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မုတ္တမပင်လယ်ကွေ့မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အကြမ်းဖက်စစ်ကောင်စီနဲ့ ထိုင်းကုမ္ပဏီတို့ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ကုမ္ပဏီ(GPM) တို့ဟာ မုတ္တမပင်လယ်ကွေ့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအတွက် မေလ ၂၉ ရက်က ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (PSC) ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
Read More

နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွါးရေး ဖွံ့ဖြိုးတော့မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော၊ ငွေကြေးဖောင်းပွမှု ဖြေရှင်းဖို့ MMQR စနစ်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် စတင်မိတ်ဆက်

(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်စနစ် က နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွါးရေးအဆောက်အအုံဖွံ့ဖြိုးလာဖို့ လမ်းစဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းတွေကမြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးကို အထိနာနိုင်ဟုဆို

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းများကို မြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစွာ ဦးတည်စေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။