အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  ပြည်သူ့ဂုဏ်ရည်အသင်း New England ထံက သိရပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်း New England က ဦးစီးပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ ကင်မ်အဲရစ်က လက်ရှိမြန်မာနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေနဲ့ နေရပ်စွန့်ခွါလာရသူတွေအတွက် အရေးပေါ်အကူအညီပေးနိုင်ရေး အထောက်ပံ့တွေ အပူတပြင်း လိုအပ်နေတာတွေကို ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကား ၈ ချပ်ကို တစ်ချပ် အမေရိကန်ဒေါ်လာ ၁,၀၀၀ နဲ့ နွေဦးတော်လှန်‌ရေး ထောက်ပို့ပြည်သူတွေ အားဖြည့်ပါဝင်ခဲ့ရာ ကင်မ်အဲရစ်ကလည်း အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကင်မ်အဲရစ်လက်မှတ်ရေးထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းပြက္ခဒိန် (Suu 80th Birthday Calendar) ကိုလည်း လေလံတင်ခဲ့ရာ အမေရိကန်‌ဒေါ်လာ ၂,၅၀၀ နဲ့ လေလံအောင်မြင်ခဲ့‌တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲက ရရှိတဲ့ ရံပုံငွေတွေကို မြန်မာနိုင်ငံရှိ စစ်ဘေးသင့်ပြည်သူတွေနဲ့ နေရပ်စွန့်ခွာလာရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀၀ ဦး သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း မင်္ဂလာပွဲအတွက် စခန်းတာဝန်ခံ တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။
Read More

အခြေခံပညာ ကျောင်းဆရာဆရာမများကို ရန်ပြုမှာမဟုတ်ကြောင်းနှင့် ပညာရေးကိစ္စရပ်များအတွင်း ဝင်ရောက်စွတ်ဖက်မည် မဟုတ်ကြောင်း CDF – Asho ပြော

မကွေးတိုင်း၊ ငဖဲဒေသမှာ အခြေခံပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးချုပ်နှောင်တာအပါအဝင် ပညာသင်ကြားမှုနဲ့သက်ဆိုင်တဲ့ ကိစ္စတွေထဲ ဝင်ရောက်စွက်ဖက်တာမျိုးတွေ လုံးဝလုပ်ဆောင်သွားမှာမဟုတ်ကြောင်းနဲ့ ဒီလိုမျိုး လုပ်ဆောင်သူတွေကိုလည်း တားမြစ်အရေးယူသွားမှာဖြစ်​ကြောင်း ချင်းကာကွယ်ရေးတပ်-အရှိုရဲ့ သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

ဂန့်ဂေါမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အပြစ်မဲ့အရပ်သား ၁ ယောက် ခေါင်းကို ဗုံးမှန်​သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျွန်းခုံသာရွာသား ၁ ယောက် ခေါင်းကို ဗုံးထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊…
Read More

မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း NUG ပြော

အကြမ်းဖက် မင်းအောင်လှိုင် ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်သားတည်းရပ်တည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။