ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း မတ်လ ၁၅ ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် ရဲဘော် ရဲဇာနည်ကျော် (ခ) ဇာနည် နဲ့ ရဲဘော် လင်းလင်း (ခ) မင်းမွန်တို့ အသက်ပေးတိုက်ပွဲဝင်ခဲ့ပြီး သူတို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုကို လေးစားဦးညွှတ်ပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂)၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ တွဲကားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ ဝမ်ပေါင်ကုမ္ပဏီဆီ အကြမ်းဖက်စစ်သား အစောင့်တွေနဲ့ ပစ္စည်းတွေ သယ်နေတဲ့ တွဲကားတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ပြင်းအားမြင့်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်၊ တစ်ဘက်ဖွင့် ရှေ့ထွက်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်နဲ့ မိုင်းပွိုင့် ၃ နေရာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၂၀ နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို   အောက်တိုဘာ ၉ ရက်က နေ့လယ်ပိုင်းက ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး ဒရုန်းနဲ့ လက်လုပ် ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ BGS Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနား ( ရုပ်/သံ)

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့က အမိန့်ပြန်တမ်းဖတ်ကြားနေတဲ့ ရုပ်သံမှတ်တမ်းကို BOB - Battalion Of Budalin က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဖြင့် ကြေးနီတင်လာသည့်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၁ စီး တိမ်းမှောက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးယူကာ ကြေးနီတင်လာတဲ့ ယာဉ်တန်းကို ပဒေသာအတွဲလိုက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) (လျှပ်စီးတပ်ခွဲ) ထံက သိရပါတယ်။
Read More

ကောလင်းမြို့ကို သွားရောက်တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဗျူဟာ ၄၉ ရဲဘော်တွေကို လူထုက အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကူသွားရောက် တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဗျူဟာ ၄၉ ရဲဘော်တွေကို ပြည်သူလူထု အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ YOMA YAR ZAR တပ်ဖွဲ့ထံက သိရပါတယ်။ ဗျူဟာ ၄၉ ရဲဘော်တွေဟာ ကောလင်းမြို့မှာ ၇ လတာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး မိခင်တပ်ရင်းကို အထိအခိုက်မရှိ ပြန်လာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းမှာ စစ်ကောင်စီဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်ကို ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။