မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဥ် ထုတ်ဝေတဲ့ စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေဖို့အတွက် မြို့နယ် ပကဖ က သက်ဆိုင်ရာ ကျေးရွာရဲ့ ပကဖ တာဝန်ခံတွေဆီ ဖြန့်ဝေပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်သတင်းလွှာတွေ ပိုမိုဖြန့်ဝေပေးဖို့ ရံပုံငွေ အခက်အခဲလည်း ရှိနေသေးတဲ့အတွက် ပြည်သူတွေဆီ တိုက်ရိုက်မရောက်နိုင်တာကို နားလည်ပေးဖို့ နဲ့ သတင်းဖတ်ချင်တဲ့ မြေပြင်ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ ရပ်ရွာ ပကဖ တာဝန်ခံတွေဆီ သွားရောက်ဖတ်ရှုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးလူထု ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

PDF သင်တန်းတက်ရောက်သူတွေဆိုပြီး မအူပင်မြို့မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၉ယောက် ညှင်းပန်းနှိပ်စက်ခံရပြီး ၁ယောက် သေဆုံး

“အခုသေဆုံးသွားတဲ့ကလေးကို မအူပင်မြို့ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံထဲ ပို့ထားပြီး ဆေးရုံကြီးမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ စောင့်နေတယ်။ ဆေးရုံကို ဘယ်သူမှအလာမခံတော့ဘဲ အကြမ်းဖက်စစ်တပ်က နေရာယူထားတယ်။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေကြတယ်။ ဘယ်လောက်တောင်ညှင်းပမ်းနှိတ်စက်ခံရမလဲမသိဘူး။ မအူပင်မှာ အခုတာဝန်ကျနေတဲ့တပ်က အရမ်းကိုဆိုးနေတယ်”
Read More

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့တစ်ခုလုံးကို AA စတင်သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ် ဂွမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကာ ဂွမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။