မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က မြေတော်ရွာမှာ ခေါင်းဖြတ်မီးရှို့သတ်​ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီး စစ်အုပ်စုတွေက အရပ်သား​ပိုင်ပစ္စည်းတွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေကြတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၁၆ရက် ဒီနေ့မနက်ပိုင်းမှာ မြေတော်ရွာအတွင်းပြန်လည်ဝင်ရောက်ခဲ့တဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ ဦးခေါင်းပြတ်ဒဏ်ရာနဲ့အတူ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်းတစ်ခုကို ရှာတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

“မြေတော်ရွာထဲ ဒီနေ့တွေ့တာ ဘယ်သူ ဘယ်ဝါမသိရသေးဘူး။ တွေ့ထားတာ တစ်လောင်းတည်းပါ” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ မတ်လ ၁၄ ရက်နေ့၊ မနက်စောစောမှာ မြေတော်ရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ၂ ရက် ဆက်တိုက်အရပ်သားနေအိမ်တွေမီးရှို့ဖျက်ဆီးရင်း စစ်ရှောင်နေရတဲ့ အရပ်သားတွေရဲ့တန်ဖိုးရှိပစ္စည်းတွေကို စိတ်ကြိုက် ခိုးယူသယ်ဆောင်နေခဲ့ကြတာလို့ သိရပါတယ်။

ဒါ့အပြင် မြေတော်ရွာ ဘုန်းကြီးကျောင်းက ဝတ္ထုငွေတွေကိုလည်း လုယက်ယူဆောင်သွားတယ်လို့ ရေစကြိုသတင်း အချက်အလက်ကော်မတီက ပြောပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလမ်းရာတစ်လျှောက်ကို ရေစကြို၊ ရေလယ်ကျွန်းဒေသနေ မင်းရွာ ပြည်သူ့စစ်တွေက လမ်းရှင်းပေးခဲ့သလို စစ်ကြောင်းနဲ့အတူ ခိုးယူခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ထော်လာဂျီနဲ့သယ်ဆောင်တာ၊ စစ်ရှောင်ကျေးရွာတွေထဲ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ဝင်ရောက်တာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြေတော်ကျေးရွာအပြင် ဆည်သစ်မြင်၊ မြေစွန်း၊  ညောင်မွှေးပင်၊ ဘိစပ်ကုန်း၊ နေရင်းနဲ့ ပေါက်တောစတဲ့ ရွာတွေမှာလည်း စစ်ဘေးတိမ်းရှောင်နေရတာကြောင့် ကျေးရွာတွေထဲက ပစ္စည်းဥစ္စာနဲ့ စားနပ်ရိက္ခာတွေကို စစ်အုပ်စုက ရွာစဥ်လှည့်ခိုးယူရင်း စခန်းချရာ မင်းရွာဆီ ပြန်လည်သယ်ဆောင်နေခဲ့တာဖြစ်ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

ပခုက္ကူတပ်မ ၁၀၁ တပ်ရင်းအပါအဝင် ရေစကြို ၂၅၆/၂၅၇/၂၅၈ တပ်ရင်းတွေက အကြမ်းဖက်စစ်အုပ်စုတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့ကတည်းက ရေစကြိုမြို့နယ်ကို စတင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး အရပ်သားတွေကို ရက်ရက်စက်စက် ခေါင်းဖြတ်မီးရှို့သတ်ဖြတ်တာအပြင် နေအိမ်တွေကိုလည်း စိတ်ကြိုက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်အတွင်း မြေစွန်းတော်၊ ဇရပ်နီ၊ သာဂေါင်လေး၊ သာ​ဂေါင်ကြီးအပြင် ရေလယ်ကျွန်းဒေသ ကျေးရွာတွေနဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ် ပန်းညိုကျေးရွာတွေအထိ စစ်အုပ်စုက ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“ဒီဒေသတွေကို စကစ က လုံးဝ အုပ်ချုပ်နိုင်စွမ်း မရှိပါဘူး။ သူတို့မစိုးမိုး မအုပ်ချုပ်နိုင်တဲ့ဒေသမို့ အငြိုးတကြီးနဲ့ အခုလို လုပ်နေတာပါ။ ဒီကောင်တွေယုတ်မာတာကတော့ ပြောစရာ စကားလုံးကို ရှာမရတော့ဘူး၊ လူစိတ်ကို ပျောက်နေကြတာ၊ အခုဆိုရွာသူ ရွာသားတွေ ကလေးငယ်လေးတွေ ကူရာမဲ့ ကယ်ရာမဲ့ဖြစ်နေကြတယ်။ တုန်လှုပ်ခြောက်ခြားနေကြတယ်။ မမြင်ရက်စရာပါပဲ။” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

 

 

မြေတော်ကျေးရွာအတွင်း တွေ့ရှိရသည့် ရုပ်အလောင်းနှင့် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များ (ဓာတ်ပုံ  CJ)

0 Shares:
You May Also Like
Read More

ကျနော်က ငြိမ်းချမ်းရေးပဲ လုပ်တာပါ ဆိုတဲ့ ငါးမင်းဆွေကို သူထောက်ခံတဲ့ စစ်တပ်က ဖမ်းဆီးပြီး ရန်ကုန်ပို့

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စစ်ကောင်စီက ကျိုက်ထိုမြို့မှာ လာရောက်ဖမ်းဆီးသွားပြီး ရန်ကုန်မြို့ကို ပို့ဆောင်မှာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ငလျင်ဘေးသင့်ပြည်သူတွေ စားသုံးဖို့ ဖြန့်ဖြူးပေးထားတဲ့ ဘီစကွတ်တွေကို ရောင်းချရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ United Nations Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနဲ့ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ…

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပကဖတွေကို ဆက်သွယ်ပြီး ဇန်နဝါရီလအတွင်း စစ်သားနဲ့ ရဲ (၁၃၆) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာ ၂ ရွာရှိ နေအိမ် ၄၀ ဝန်းကျင်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၂ရွာက နေအိမ်တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ Democracy Movement Strike Sommittee – Dawei ထံက သိရပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်ခြင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်

နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေကို စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။  
Read More

စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူများအား အရေးယူမည်ဟု မုံရွာနယ်ခံကာကွယ်ရေးတပ်များ အသိပေး

မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။