မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

စစ်သား၊ ရဲနဲ့ လက်ပါးစေ ပျူစောထီး ပူးပေါင်းအင်အား (၁၁) ယောက်ကို မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ရဲဘော်တွေ (၃) နေရာခွဲ ပြီး စစ်ဆင်ရေး ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ တပ်ခွဲ (၂) စခန်းမှာ ပြည်သူ့ကာကွယ်ရေးအလံတော် လွှင့်တင်ခြင်းအခမ်းအနား ကျင်းပ (ရုပ်/သံ)

ရန်ကုန်အဝင်လမ်းဖြစ်တဲ့ ပဲခူးရိုးမထဲမှာ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃) (တပ်ခွဲ(၂)စခန်းမှာ ပြည်သူ့ကာကွယ်ရေးအလံတော်လွှင့်တင်ခြင်းအခမ်း အနားကို မေလ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-၃ မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အိုမကျေးရွာက နေအိမ် ၁၈ လုံးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု အိုမကျေးရွာက နေအိမ် ၁၈ လုံးကို ဝမ်ပေါင်ကြေးနီစီမံကိန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အိုမကျေးရွာဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းမှာ အကြမ်းဖက်စစ်ကောင်တပ်သားတွေက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်း ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖမှ ထုတ်ပြန်ထားပါတယ်
Read More

ဘန်ကောက်မြို့မှာ ဆောက်လုပ်နေဆဲ တိုက်ပြိုကျမှု မြန်မာအလုပ်သမားများ ထိခိုက်မှုရှိနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak Area မှာ ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်တဲ့ ငလျင်ကြောင့် ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး လုပ်ငန်းခွင်ရှိ မြန်မာအလုပ်သမားတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ အလံဖြူထောင်သည့် စစ်ကော်မရှင်တပ်သားများကို ဗိုလ်ဒါဘော ကြိုဆို (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column - တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။