အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတကာက သူတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ နည်းလမ်းရှာရမယ်လို့ ပြောကြားလိုက်ပါတယ်။

လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ်တချို့ကို နိုင်ငံတကာက ပိတ်ဆို့အရေးယူထားသလို ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကို ပိတ်ဆို့ထားတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေကာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကန့်သတ်ချက်တွေကို ကျော်လွှားရမယ်လို့ ဆိုပါတယ်။ 

မင်းအောင်လှိုင်က မနေ့က မတ် ၁၅ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ် Asia World Port Terminal – AWPT ဆိပ်ကမ်းမှာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုနဲ့ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့တာပါ။ 

အရင်က မြန်မာနိုင်ငံက ဆိပ်ကမ်းတွေဟာ အရှေ့တောင်အာရှမှာ  ပို့ကုန်တွေ အဓိကတင်ပို့တဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့  အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်တွေ တင်ပို့မှုလျော့နည်းနေကာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကန့်သတ်ချက်တွေကို ကျော်လွှားရမယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ 

စစ်အာဏာသိမ်းမှုကြောင့်သာ တိုင်းပြည်ဟာ စီးပွားရေးကျဆင်းသွားပြီး အဘက်ဘက်က ပိတ်ဆို့မှုတွေရှိနေတဲ့အပေါ်မှာတော့ မင်းအောင်လှိုင်က ဘယ်တုန်းကမှ ဝန်ခံပြောကြားခြင်း မရှိခဲ့ပါဘူး။

နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံခြားသုံးငွေ သုံးစွဲမရဖြစ်နေပြီး ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ငွေပေးချေဖို့ အခက်အခဲဖြစ်နေတယ်လို့ အာဏာသိမ်းစစ် ခေါင်းဆောင်ကိုယ်တိုင်   ၂၀၂၃ ခုနှစ် ဇွန်လပိုင်းတုန်းက ပြောဆိုခဲ့ဖူးပါတယ်။ 

အာဏာသိမ်းပြီးချိန်ကစပြီး စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ချမှတ် တိုးမြှင့်လုပ်ဆောင်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် အဆိပ်ငွေ့ဗုံးအပါ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဟန်ပြအပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သာပေါင်းမှာ ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲစည်းရုံးရေး လုပ်ခိုင်းနေ၊ တရုတ်နဲ့ ရုရှား အကူအညီတွေ လာတော့မယ်၊ မကြောက်နဲ့ လို့လည်း စည်းရုံးပြောဆိုသွား

ဧရာဝတီတိုင်း သာပေါင်းမြို့ပေါ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ပေးဖို့ အစည်းအဝေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
Read More

အရေးပေါ် အရန်ဆန် တန်ချိန် တစ်ထောင်ကျော်ကို ရေဘေးသင့်ပြည်သူတွေထံ ထောက်ပံ့မယ်လို့ စစ်ကောင်စီ ပြော

အာဆီယံနဲ့ ၃ နိုင်ငံ အရေးပေါ်အရန်ဆန်တွေထဲက ဆန်တန်ချိန် တစ်ထောင်ကျော်ကို နိုင်ငံတစ်ဝန်းက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့သွားမယ်လို့ စစ်ကောင်စီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းလှတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အငြိမ်းစား ကျောင်းဆရာမကြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေစ​ကြိုလမ်းပိုင်းမှာ စစ်ကောင်စီနောက်ချန်တပ်တွေနဲ့ ပကဖ တပ်ဖွဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံး…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ ကား ချုံခိုတိုက်ခိုက်ခံရပြီး ရဲဘော် ၁ ယောက်ထိခိုက်ဒဏ်ရာ( မစိုးရိမ်ရ) ရခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။