အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗျူဟာအမှတ် (၁၇) လက်အောက်က အမှတ် (၈၀၄) ၊ (၉၀၁) ၊ (၉၀၂) နဲ့ (၉၀၃) တပ်ရင်း၊ တော်ဝင်လျှပ်စီးစစ်ကြောင်းတို့က ရဲဘော် ၇၇ ယောက်ကို (၂) လကြာ စစ်သင်တန်းပို့ချခဲ့တယ်လို့ သိရပါတယ်။

အဲဒီသင်တန်းဆင်းပွဲမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ နေပြည်တော် PDF စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ ဗျူဟာ (၁၇) တာဝန်ရှိသူနဲ့ Karenni – Free Burma Ranger ဒုတာဝန်ခံ တို့က အမှာစကားပြောကြားပြီး မဟာမိတ်တပ်ဖွဲ့အသီးသီးက ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်တပ်၏ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ အမြန်ရေယာဉ် ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနား ( ရုပ်/သံ)

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့က အမိန့်ပြန်တမ်းဖတ်ကြားနေတဲ့ ရုပ်သံမှတ်တမ်းကို BOB - Battalion Of Budalin က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကော်မရှင်၏ အတုယောင်ရွေးကောက်ပွဲတွင် မပါဝင်ကြဖို့ သခင်ဖိုးလှကြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ရဲဘော်များ တောင်းဆို (ရုပ်/သံ)

စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အတုယောင်ရွေးကောက်ပွဲကို ပြည်သူလူထု ပါဝင်ခြင်းမပြုလုပ်ကြဖို့ သခင်ဖိုးလှကြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ရဲဘော်တွေက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
Read More

ပိတ်လှောင်မှုများကြားမှ ကြိုးစားရုန်းထွက်ခဲ့ကြသည့် အဘွားနှင့် မြေး ၂ ယောက် (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ ပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ အဘွားနဲ့ မြေးဖြစ်သူ ၂ယောက် ရုန်းထွက်ပြီး အသက်ရှင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ထားဝယ်ခရိုင် ကျောက်မဲတောင်ရဲစခန်းကို EDF တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် မေတ္တာမြို့နယ် ကျောက်မဲတောင်ရဲစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ Eastern Defense Force EDF ကသတင်းထုတ်ပြန်ထားပါတယ်။
Read More

အရပ်သားတွေ ထိခိုက်မှုမရှိစေဖို့ အကြမ်းဖက်စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းရဲဘော်တွေ ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းရဲဘော်တွေက အကြမ်းဖက်စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ် မိုင်းတွေကို အရပ်သားထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။