စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမှတ် (၃၀၂၇) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ တံတားဦး လေတပ်စခန်းမှ YAK-130 ဂျက် ဖိုက်တာတို့ဖြင့် တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတွေ အများအပြားသေဆုံးခဲ့ရတာပါ။

တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာက သိရှိရန်လုပ်ဆောင်မယ်လို့ သိရပါတယ်။

ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အသက် (၄)လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးခြောက်ဦး၊ စုစုပေါင်း ပြည်သူ(၂၇)ဦး သေဆုံးပြီး ၃၈ဦး ထိခိုက်ဒဏ်ရာရကာ  ပြည်သူပိုင်နေအိမ်နှစ်လုံး မီးလောင်ပြာကျခဲ့ရပါတယ်။

စဉ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးကားလမ်းဘေးရှိ လက်ပန်လှကျေးရွာအာယ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၁၄ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်အား တာဝန်မှ အနားယူခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်တယ်လို့ ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

လှော်ကားလမ်းဆုံက အကြမ်းဖက်စစ်တပ် ၁၀၆ ခြေမြန်တပ်ရင်း ဂိတ်ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ ထောက်ကြန့် - လှော်ကား တာဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ၁၀၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Force (R.U.C) ထံက သိရပါတယ်။
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အဓမ္မစစ်မှုထမ်းစေခိုင်းခံရသည့် စစ်ကော်မရှင်တပ်သား ၅ ဦး KNU ထံ လက်နက်ချ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်ကော်မရှင်တပ်သား ၅ ယောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ထံ အလင်းဝင်ရောက်လာတယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ် – ရေးလမ်းမကြီးပေါ်က စစ်တပ်ဂိတ်စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်၊ ၅ ယောက်ထက်မနည်း သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ် - ရေးလမ်းမကြီးပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ထုတ်ပြန်ထားပါတယ်။
Read More

မြေနိမ့်ပိုင်း မြစ်ကမ်းပါး​ဘေးနား​နေ ပြည်သူများကို PDF များမှ ရေကြီးမှု သတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့

တိုင်ဖွန်းမုန်တိုင်းအဆင့်ကနေ ​လျော့ကျလာတဲ့ အပူပိုင်းမုန်တိုင်း ဝီဖာ​ကြောင့် မြန်မာနိုင်ငံတွင်း ရုတ်တရက်​ရေကြီးခြင်း ​ဘေးအန္တရာယ်တွေ ကြုံ​တွေ့လာရနိုင်တဲ့ မြေနိမ့်ပိုင်း မြစ်ကမ်းပါး​ဘေးနား​နေ ပြည်သူတွေကို သတိပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။