တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပျူစခန်းကို မတ်လ ၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။

ပျူစခန်းကနေ လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို ပြန်လည်ပစ်ခတ်ခဲ့သော်လည် ပြည်သူ့ရဲ ဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လောင်းလုံး(ပကဖ)ဒရုန်းတပ်ဖွဲ့၊ TPLFဒရုန်းတပ်ဖွဲ့၊ Sky Ghost(1)ဒရုန်းတပ်ဖွဲ့၊ နွေဦးပြောက်ကျားဒရုန်းတပ်ဖွဲ့နဲ့ ကျောင်းသားတော်လှန်ရေးတပ်-ဒရုန်းအဖွဲ့တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ်အတွင်း ရိက္ခာသယ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ၅ ယောက်သေ၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာလှေဆိပ်သို့ ရိက္ခာသယ်လာတဲ့ ခမရ ၅၉၈ တပ်က အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်‌ကြောင်းထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်လိုက်ပါစီးနင်းလာတဲ့ ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက် စစ်သားနဲ့ ပျူစောထီး ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ထိန်အိုင်ရွာမြောက်ဘက်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့် လိုက်ပါစီးနင်းလာတဲ့ စစ်ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မေမေနေကောင်းလား သီချင်းသီဆိုကာ ဧရာဝတီတိုင်းစစ်ဌာန ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြု (ရုပ်/သံ)

ဧရာဝတီတိုင်းစစ်ဌာနရဲဘော်တွေက ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ် မေမေနေကောင်းလား သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

အကြမ်းဖက်စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့် ရန်ကုန်မြို့ တစ်နေရာမှာ “We Are Still Under the Military’s Boots”စာတမ်းချိတ်ဆွဲ (ရုပ်/သံ)

ရန်ကုန်မြို့တစ်နေရာမှာ "We Are Still Under the Military's Boots"စာတမ်းချိတ်ဆွဲပြီး အကြမ်း ဖက်စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force - YRF ထံက သိရပါတယ်။
Read More

ကမ်းနီရွာရှိ ဗလီကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ် ကမ်းနီရွာရှိ ဗလီကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF  အဖွဲ့ထံက သိရပါတယ်။