ဖယ်ခုံအင်းအရှေ့ခြမ်း PDF အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်း- ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆တပ်ရင်း) က တပ်ရင်း ဖွဲ့စည်းမှု ၄ နှစ်ပြည့်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖယ်ခုံမြို့နယ်ရှိ တော်လှန်လူထုတွေ စုဖွဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်တဲ့ လုပ်ငန်းစဥ်တွေ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာဟာ မတ်လ ၁၅ ရက် ဒီနေ့မှာ (၄)နှစ်ပြည့်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဖယ်ခုံအင်းအရှေ့ခြမ်း PDF အနေနဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်မှာ စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် စကခ(၇) က စစ်ဗိုလ်နဲ့ ရဲမှူး ပူးပေါင်းအရာရှိအဖွဲ့ကို သုတ်သင်ရှင်းလင်းခဲ့ရာက စတင်ပြီး ဒီနေ့အထိ ညီနှောင်မဟာမိတ်တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်တယ်လို့ ဖယ်ခုံ ၁၀၀၆ တပ်ရင်းက ဆိုပါတယ်။
နွေဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလမှာ ဖယ်ခုံအင်းအရှေ့ခြမ်းPDF (လက်ရှိ- ဖယ်ခုံ၁၀၀၆တပ်ရင်း) အနေနဲ့ ဖွဲ့စည်းခြင်း(၄)နှစ် ပြည့်ကစလို့ ဆက်လက်ပြီး မဟာမိတ်တပ်တွေနဲ့အတူ အရေးတော်ပုံအောင်တဲ့အထိ တိုက်ပွဲဝင်ကာ တော်လှန်ရေးမှာ အပြောင်မြောက်ဆုံး သမိုင်းတွေ ရေးထိုးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တပ်ရင်းရဲ့ (၄)နှစ်တာ ကာလအတွင်း ကောင်းတူဆိုးတူ ယှဥ်တွဲကာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ခဲ့ရင်း စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး နွေဦးတော်လှန်ရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ဖယ်ခုံအင်းအရှေ့ခြမ်းPDF (လက်ရှိ-၁၀၀၆တပ်ရင်း) က ကျဆုံးအာဇာနည် တပ်ဖွဲ့ဝင်(၃၁) ယောက် ရှိတယ်လို့လည်း ဖယ်ခုံ ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တော်လှန်ရေး အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်အတွက် အမြတ်ကြီးကြီးရရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့ လက်ရှိတော်လှန်ရေးဟာ အင်မတန် အရင်းအနှီးကြီးတာကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြတ်ကြီးကြီးရဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖားအံမြို့၊ သံလွင်တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်မှာ တစ်ပတ်အတွင်း ခရီးသွားပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရ…

ကရင်ပြည်နယ်၊ ဖားအံမြို့က သံလွင်တံတားရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရှာဖွေမှု ပြုလုပ်ပြီးနောက် စစ်သားသစ်အဖြစ် ပေါ်တာဆွဲခံရသူအရေအတွက်က တစ်ပတ်တာအတွင်းမှာပဲ လူဦးရေ ၁၀၀ ကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ အဆိုပါအကြမ်းဖက်စစ်တပ်ဂိတ်နဲ့​ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မင်းတပ်မြို့တွင် အစုပြုံလိုက်ဗုံး (Cluster Bomb) များ အသုံးပြုကာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။
Read More

NUG ၏ လမ်းညွှန်မှုနှင့်အတူ ကနီ ပအဖ တာဝန်ရှိသူများကို ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။