ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့က ရှေ့တန်းကင်းစခန်းတချို့ကို စစ်ကောင်စီက လူအင်အား၊ ဒရုန်းအင်အားနဲ့ လက်နက်အင်အား သာလွန်စွာ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာ လက်လွှတ်ထားခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် လက်လွတ်ထားခဲ့ရတဲ့ ကင်းစခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်က (၁၅) ယောက် သေဆုံးပြီး ဒဏ်ရာရ စစ်သားတွေလည်း ဆုတ်ခွာ ထွက်ပြေးသွားရာ လက်နက် (၉) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
“ ကင်းစခန်းတွေက မြို့နဲ့ မဝေးပါဘူး၊ သူတို့ အင်အားက ခန့်မှန်း ၁၀၀-၂၀၀ ကြားလောက်မှာ ရှိပါတယ်။ တိုက်ပွဲတွေကတော့ အချိန်မရွေး ထဖြစ်နိုင်ပါတယ်။ သူတို့က မိုးဗြဲမြို့ပြန်ရဖို့ အသည်းသန် စစ်ကြောင်းထိုးနေတာပါ။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးပြီး ခန့်မှန်းအင်အား ၆၀၀ ဝန်းကျင်လောက်နဲ့ ထိုးစစ်ဆင်တာ ၃ လထဲ ရှိနေပါပြီ” လို့ ⁨ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာ⁩ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်က KNDF/B-03 မှ ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ဓါတ်ငွေ့ဗုံးတွေ၊ မီးလောင်ဗုံးတွေကို အသုံးပြု တိုက်ခိုက်မှုကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်တွေမှာ အနည်းဆုံး နေအိမ် (၁၅) လုံးနဲ့အထက် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဓာတုဗုံးတွေ၊ မီးလောင်ဗုံးတွေ သုံးတယ်နော်… ဘယ်လိုအခြေအနေမှာ အသုံးပြုလည်းဆိုတော့ မီးလောင်ဗုံး အဆိပ်ငွေ့က သူတို့အရေးနိမ့်တဲ့ အခြေအနေတွေမှာပါ” လို့ သူက ဆိုပါတယ်။
KNDF သတင်းပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကလည်း “စစ်ကောင်စီက ဓာတုအဆိပ်ငွေ့တွေ၊ မီးလောင်းဗုံးတွေ သုံးတယ်ဆိုတာကို ရှေ့တန်းရဲဘော်တွေရဲ့ ပြောပြချက်တွေအရ အတည်ပြုထားပါတယ်” လို့ ဆိုပါတယ်။
အခုတိုက်ပွဲကို ရှမ်းတောင်စစ်ဒေသခွဲဗျူဟာအမှတ်(၁) ၊ DMS PDF ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ၊ DMO PDF အစရှိတဲ့မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာ
0 Shares:
You May Also Like
Read More

နောင်ချိုကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ် အထိုင်ချစခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်၊ ဒီဇင်ဘာလတိုက်ပွဲတွေအတွင်း စစ်တပ်က  (၁၅၁) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အတည်ပြုထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ အထိုင်ချစခန်း ၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

တလုပ်မြို့ရွာတွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ထိခိုက်သူများလည်း ရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း ငလျင်ကြောင့် ပျက်စီးသွားသည့် နေအိမ် (၄၅) လုံးအတွက် PDF နဲ့ ပကဖများ သွားရောက်လှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ပြည်သူ့နေအိမ် (၄၅) လုံးအတွက် အိမ်တစ်လုံးကို (၅၀၀၀၀) ကျပ်နှုန်းနဲ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ​ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်း အပတ်စဉ် (၉) အထိ နိုင်ငံတစ်ဝန်း ပြည်သူ ၄၀၀၀၀ ကျော် စုဆောင်းခံထားရ

စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။