စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်း၊ ပန်းရံနဲ့ ဇီးကုန်းပျူစခန်းတွေအတွက် ရွှေဘိုမြို့သို့ ရိက္ခာ ထုတ်ပြီး ပြန်လာတဲ့ ယာဉ် ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ယာဉ် ၃ စီးပေါ်မှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၅၀ ခန့် လိုက်ပါလာပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တွေက ရွှေဘို-ရေဦးလမ်းအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ် ၁ စီး လမ်း ဘေးမြောင်းသို့ ထိုးကျသွားပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိတဲ့ ယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စားဆီပေပါ ၁ လုံးနဲ့ ၁၀ ဂါလံဝင် စားဆီ ၆ ပုံး သိမ်း ဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)မှ ဦးဆောင်ကာ တိုက်နယ် (၅)ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ဂဠုန်ကြီး ပကဖ၊ ဘီလူးညီနောင် ပကဖ၊ လှိုင်းလုံးနီအဖွဲ့၊ AK ပကဖ၊ တိုက်နယ် (၁) Golden Future Force ပကဖ၊ MC ပကဖ၊ တဂဏနဂါးမင်း ပကဖအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေးယူလာသည့် ကြေးနီတင်ယာဉ်နှင့် အက်ဆစ်တင်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်း တပ်မ ၃၃ ကနေ အကြမ်းဖက်စစ်တပ်ယာဉ်တန်း လုံခြုံရေးယူပြီး မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ အက်ဆစ်တင်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 Peoples Defense Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမှ အရာတော်သို့ ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမှအရာတော်သို့ ရိက္ခာပို့လာတဲ့စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး (ရုပ်/သံ)

အင်အား ၁၀၀ ခန့်နဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်တပ် ခြေကုပ်ယူထားသည့်နေရာကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါ အများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာအနီး အကြမ်းဖက်စစ်တပ် ခြေကုပ်ယူထားတဲ့ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိ ၁ ယောက်အပါအဝင် အများအပြားသေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း ပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ထနှောင်းကုန်းပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပုဂံဂဠုန်တပ်က မနေ့က အောက်တိုဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။