ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ယောက်ကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၆ ရက်က မန်ကျည်းပင်ရွာမှာ တအာင်းပြည် ရဲတပ်ဖွဲ့က မသင်္ကာမှုနဲ့ နေအိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးရာက ကားတစ်စီးရဲ့ ကားတာယာထဲမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ စိတ်ကြွဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသား (၂) ယောက်ကို ဖမ်းဆီးရာမှာ ယာဉ်မောင်းဖြစ်သူက ထွက်ပြေးသွားပေမယ့် အခြား ၁ ယောက်ကိုတော့ ယာမစိတ်ကြွဆေးပြား (၇၃၃)ထုပ်၊ ဘိန်းဖြူ (၄၄)ဘူး (ကာလတန်ဖိုး သိန်းပေါင်း ၇၀၀ကျော်) နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၈) ရက်ကလည်း ကျောက်မဲမြို့ကနေ မိုးကုတ်မြို့ကို သွားမယ့်လမ်းမပေါ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က ရှောင်သခင်စစ်ဆေးနေချိန် မီးသွေးတင်ဆောင်လာတဲ့ ကားတစ်စီးကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးရောင်း၀ယ်သူ (၄) ယောက်ကို ဆာလာအိတ်အဝါနဲ့ ထည့်ထားတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သောစိတ်ကြွဆေးပြား အများအပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူအပေါ် တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်၊ ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်ကြောင်း BPLA ထုတ်ပြန်

ပြည်သူတွေအပေါ် လူ့အခွင့်အရေးအရ ကျူးလွန်ဖောက်ဖျက်မှုတွေရှိရင် အချိန်မရွေး တိုင်ကြားနိုင်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန် အသိပေးလိုက်ပါတယ်။
Read More

ရေစကြိုမှာ အရပ်သားလူငယ်တစ်ယောက် PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး အသတ်ခံရ၊ မြို့ပေါ်မှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးတာတွေ ပိုပိုများလာလို့ မြို့ခံတွေထိတ်လန့်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်တွေမှာ လူသတ်၊ ဓားပြတိုက်၊ အနုကြမ်းစီးမှုတွေ ပိုမိိုဆိုးရွားလာပြီး အရပ်သားလူငယ်တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်အုပ်စုက PDF အဖြစ် စွပ်စွဲသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေသည့် ရဲဘော် နန်းခန့်ဝင်း (ခ) Silent ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် နန်းခန့်ဝင်း (ခ) Silent  ဟာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။