စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို မတ်လ ၁၂ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပန်းညိုရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ကြည်းတပ်နဲ့ ရေတပ် ၂ ခုပေါင်းပိတ်ဆို့ပြီး ကျေးရွာ အတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးကာ ဒီနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းမှာ ပန်းညိုရွာကနေ ရေစကြိုမြို့နယ် မြေတော်ရွာကို ထွက်ခွာသွားပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီး လျက်ရှိတယ်လို့ သိရပါတယ်။

ရုပ်သံမှတ်တမ်း – Ko Nway Oo-Myaung

0 Shares:
You May Also Like
Read More

စစ်ရေးအရှိန်အဟုန်မြင့်လာချိန် ပြည်သူ့ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ရေး “အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့” ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေကို Equipment ၊ Helmet  နဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ဖို့အတွက်  "အဖိုးတန်အသက်တွေမဆုံးရှုံးဖို့ ချပ်ဝတ်တန်ဆာ‌ဆင်‌ပေးစို့ "ကမ်ပိန်းပြုလုပ်ထားပါတယ်။
Read More

မန္တလေးကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးမြို့ကနေ ဝမ်ပေါင်သို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်နဲ့ အက်စစ်တင်ယာဉ် ၅၁ စီး ကို ဖေဖော်ဝါရီ ၁၉ ရက်က ချောင်းဦးမြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

အသက် (၁၈) နှစ်မပြည့်သေးပေမယ့် ပေါ်တာဆွဲကာ မှတ်ပုံတင်အသစ်လုပ်ပြီး စစ်တပ်ထဲ ပို့ခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား (ရုပ်/သံ)

''လူဝင်မှုကြီးကြပ်ရေး ( လဝက )ဆိုတဲ့ ဌာနက အသက်မပြည့်သေးတဲ့ နိုင်ငံသားကို စစ်ကောင်စီအမိန့်အတိုင်း မှတ်ပုံတင်အတုထုတ်ပြီး စစ်မှုထမ်းစေဖို့ ဆောင်ရွက်ပေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းအသက်မပြည့်သေးတဲ့ ကလေးတွေက အဖမ်းခံရ၊ ပေါ်တာအဆွဲခံရနဲ့ စစ်သင်တန်းကျောင်းဆီ အတင်းအဓမ္မအပို့ခံရပါတယ်''လို့ နည်းဗျူဟာ ၃၃မှ ဆိုပါတယ်။
Read More

Hercules 3 နဲ့ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန်

''Cobra Federal Wings တွေရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုတွေကို FW ရဲ့ နောက်ဆုံးပေါ် Hercules 3 နဲ့ပေါင်းစပ်လိုက်တဲ့အခါ စကစစခန်းကုန်းတွေရဲ့ အိမ်မက်ဆိုးတွေ ပိုမိုကြီးထွားလာပါတယ်''လို့ Federal Wings က ဆိုပါတယ်။
Read More

မြိုင်မှာ အထိနာပြီး ပြန်လာသည့် အကြမ်းဖက်စစ်သားများ ပြည်သူများကို ရန်မရှာစေရန် ဒရုန်းဖြင့် ကင်း‌ထောက်ပြီး အကြောင်းကြားပေး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်မှာ တိုက်ပွဲအတွင်း အထိနာပြီး ပခုက္ကူမြို့သို့ ပြန်လာတဲ့ အကြမ်းဖက်စစ်သား တွေ ပြည်သူတွေကို ရန်မရှာစေဖို့ ဒရုန်းနဲ့ ကင်းထောက်ပြီး ရှောင်ရှားဖို့ အကြောင်းနိုင်ခဲ့တဲ့အတွက် ပြည်သူများ ဘေးလွတ်ရာသို့ အချိန်မီရှောင်ရှားနိုင်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

Myingyan Black Tiger ရဲဘော်တွေရဲ့ “ဗရုတ်သုက္ခ သင်္ကြန်သံချပ်” (ရုပ်/သံ)

မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) ရဲဘော်တွေက တော်လှန်သင်္ကြန်သံချပ်ကို မိဘပြည်သူများအား ယခုလိုပဲ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။