အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ခံစစ်အတွက် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အကျဉ်းသားတွေကိုအလိုမတူဘဲ အဓမ္မစစ်သားစုဆောင်းကာ လက်နက်တပ်ဆင်ပေးနေတဲ့အခြေအနေကို PPNM က အချိန်များစွာပေးပြီး စုံစမ်းဖော်ထုတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထောင်တွင်းအကျဉ်းချခံထားရတဲ့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်တွင်းခံစစ်အတွက် လက်နက်တပ်ဆင်ပြီး ကင်းစောင့်ခိုင်းသလို တော်လှန်ရေးတပ်ဖွဲ့တွေ လာတိုက်ရင် ပြန်လည်ခုခံဖို့ ကြိုတင်လေ့ကျင့် ပြင်ဆင်မှုတွေလည်း ပြုလုပ်နေကြောင်း သိရပါတယ်။

အထူးသဖြင့် တိုက်ပွဲဖြစ်ပွါးရာနေရာဒေသတွေက အကျဉ်းထောင်တွေမှာ အဓိကလုပ်ဆောင်နေပြီး အကျဉ်းသားတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း KIA နဲ့ တော်လှန်ရေးတပ်တွေ တိုက်စစ်ဖော်ဆောင်ရာ ဒေသတွေမှာရှိတဲ့ ဗန်းမော်အကျဉ်းထောင်နဲ့ မိုးညှင်းအကျဉ်းထောင်တွေမှာ ရာဇာဝတ်မှုတွေနဲ့ နှစ်ကြီးကျနေတဲ့ အကျဉ်းသားတချို့ကိုလည်း လက်နက်တပ်ဆင်ပေးမှုတွေ ရှိခဲ့ကြောင်း PPNM က အဓိကစုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် စစ်ကောင်စီက သူတို့ယုံကြည်ရတဲ့ စည်းကမ်းဖောက်ဖျက်မှုနဲ့ အကျဉ်းကျနေတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်တာတွေ အဓိကပြုလုပ်ခဲ့ပါတယ်။ ကရင်နီဒေသ လွိုင်ကော်ထောင်ထဲက ဗိုလ်အဆင့် အကျဉ်းကျတွေကိုလည်း တိုက်ပွဲမှာ ပါဝင်စေဖို့အတွက် မူလရာထူးကို ယာယီပြန်ပေးတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လမှာလည်း အင်းစိန်ထောင်အတွင်းက ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ခေါ်ထုတ်ကာ ရေယာဉ်တွေနဲ့ စစ်တွေကို ပို့ဆောင်ပြီး စစ်သင်တန်းပေးမှုတချို့ပြုလုပ်ခဲ့ကြောင်း PPNM က သတင်းထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ကင်းပုန်းဝပ်ဖို့လာရင်း သောက်စားနေတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ၊ ပြည်သူ့စစ်သင်တန်းဆင်း ၂ ဦး နေရာတင် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်းက စစ်ကိုင်းတက္ကသိုလ်အနီးမှာ ကင်းပုန်းယူပြီးသောက်စားနေတဲ့ စစ်အုပ်စုတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ယောက် နေရာမှာတင် ပွဲချင်းပြီးသေကာ ၁ယောက် အပြင်းအထန် ထိခိုက်သွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း (၄) နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ 96 Soldiers-PDF - အညာတပ်ခွဲက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့် အဆောက်အအုံများ နေ့စဥ် ဖြိုခွဲပြနေကြောင်း စစ်ကော်မရှင် ဆက်တိုက်ထုတ်ပြန်နေ၊ KK Park အဆောက်အဦး ၆၀၀ ကျော်အနက် ၂၀၀ ကျော် ဖျက်ဆီးပြီးပြီဟု ဆို

ထိုင်း-မြန်မာနယ်စပ်၊  မြဝတီ-မဲထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်း လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၆၀၀ ကျော်ထဲက ၂၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ် တယ်လို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ယာယီအပစ်ရပ်သည့်ကာလအတိုင်း ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းမည်ဟု KIO ကြေညာ၊ စစ်တပ်အနေနဲ့ ကိုယ်ကြေညာထားသည့်အတိုင်း လိုက်နာဖို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သတိပေး

အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ယာယီအပစ်ရပ်ကာလ သတ်မှတ်ကြေညာချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ - KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

အရပ်သားဟန်ဆောင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရေးဘီလူး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးသင်တန်းဆင်း ရဲမေအပါ စစ်သား ၅ ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးသင်တန်းဆင်းရဲမေ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။