ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခမ်းအနားကို PNDF-KK တပ်ဖွဲ့ရဲ့ မဟာမိတ်ခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ PNDF-KK ရဲ့ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) နိုင်ငံရေးဦးဆောင်မှုနဲ့ တော်လှန်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လယ်ကွင်းထဲမှာ စစ်အုပ်စု စနိုက်ပါနဲ့ ပစ်ခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  ငါန်းဇွန်မြို့နယ်မှာ ငါန်းမြာကြီးရဲစခန်းထဲက ထွက်လာတဲ့ စစ်အုပ်စုတွေ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးသွားကြောင်း မြင်းခြံခရိုင်၊ တပ်ရင်း(၇) Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့တာဝန်ခံ ကိုသက်ကြီးက မောင်းကို ပြောပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းထဲ စစ်ရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘော ၁ စီးနှင့် မော်တော် ၄စီး မီးလောင်ပျက်စီး၊ စစ်ကောင်စီတပ်သား ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ်တွေမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

လစဉ်ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲကားကို ပကဖ ကြားဖြတ်တိုက်ခိုက်၊ စခန်းမှူးနှင့် ဗိုလ်အဆင့်ရှိသူ ၂ယောက်သေပြီး တပ်ကြပ်ကြီး အပြင်းအထန် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ လုပ်ငန်းရှင်တွေဆီက လစဥ်ကြေးကောက်ပြီး ပြန်လာတဲ့ ရဲကားကို လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုတိုက်ခိုက်ရာ စခန်းမှူးနဲ့ ဗိုလ်အဆင့်ရှိသူ ၂ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံအင်းဘီလူးက မောင်းကို ပြောပါတယ်။
Read More

KNDF ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ် (၃) ၏ တပ်ဗိုလ်၊ တပ်မှူးများ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ်(၃)က တပ်ဗိုလ် ၊ တပ်မှူးတွေ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြာနီကန်ရွာ လမ်းမကြီး အရှေ့နှင့် အနောက်ဘက်ခြမ်းက နေအိမ်များကို အစိုးရပိုင်ဟုဆိုကာ စစ်အုပ်စုက ၃ရက်ဆက် ဖျက်ဆီးခဲ့…

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်ရာနဲ့ချီကို စစ်ကောင်စီက လမ်းပိုင်မြေ မလွတ်ဘူးဆိုပြီး ဘူဒိုဇာတွေနဲ့ ၃ ရက်ဆက် ဖျက်ဆီးခိုင်းခဲ့တယ်လို့ MDY Revolution တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငါန်းမြာနှင့် သရက်ချိုပင်လမ်းပိုင်းတွင် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရမှု ထပ်တိုးသိရှိချက်အရ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၄ ယောက်အထိ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။