ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက် နေ့လယ်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းကို ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆) မြို့နယ် ဒုတပ်မဟာမှူး ဖိုးခွားက ကယန်းပြည်သစ်တပ်မတော်၊ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နဲ့ တွေ့ဆုံဆွေးနွေးခိုင်းဖို့ဆိုကာ လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။

ဒီဖြစ်စဥ်အပေါ် နေပြည်တော်တိုင်းစစ်ဌာနက ကယန်းပြည်သစ်တပ်မတော်ဆီ မတ်လ ၇ ရက်နေ့မှာ စာထုတ် အကြောင်းကြားခဲ့သလို ကြားကာလအချိန်တွေမှာလည်း တွေ့ဆုံဆွေးနွေးဖို့ကြိုးစားခဲ့ရာ ကယန်းပြည်သစ်ဘက်က ပြန်လည်တွေ့ဆုံဖြေရှင်းခဲ့ခြင်းမရှိဘူးလို့ နေပြည်တော် PDF က ထုတ်ပြန်ပါတယ်။

ညှင်းပန်းသတ်ဖြတ်ခံရသည့် နေပြည်တော်တိုင်းစစ်ဌာန ပျဥ်းမနားစစ်ကြောင်းမှူး ကိုစိုင်း

မတ်လ ၁၃ ရက်နေ့မှာတော့ ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေတစ်နေရာအတွင်း  ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ရဲ့ ရုပ်အလောင်းကိုပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့အတူ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“တွေ့ဆုံဆွေးနွေးဖို့ပဲပြောပြီး လာခေါ်သွားတာပေါ့နော်။ ကိုစိုင်းလည်း မြေပြင်တပ်တွေနဲ့ အဆင်ပြေတော့ အထက်ကို အကြောင်းမကြားဘဲ ယုံကြည်လို့လိုက်သွားတာ။ အဲ့ဒါကျနော်တို့လည်း ညပိုင်း သူပြန်မလာမှ သိရတာပါ။ သူက ဘုကန့်လန့်သမားလည်း မဟုတ်ဘူး။ အားလုံးနဲ့ အဆင်ပြေတဲ့သူပါ။” လို့ နေပြည်တော် PDF တပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။

ဒီဖြစ်စဉ်မှာ ကယန်းပြည်သစ်တပ်မတော်က တာဝန်အပြည့်ရှိတဲ့အတွက် ဦးဆောင်စေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ပြင်းပြင်းထန်အရေးယူပေးသင့်ကြောင်း၊ တော်လှန်ရေးအဝန်းအဝိုင်းတစ်ခုလုံး ခြိမ်းခြောက်ခံရမှုဖြစ်တာကြောင့် မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့လည်း ဝိုင်းဝန်း ကူညီပေးကြဖို့ PDF ၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာနနဲ့ ဗျူဟာတပ်ရင်း တပ်ဖွဲ့တွေက သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ပြန်လည်ရရှိခဲ့သည့် ညှင်းပန်းသတ်ဖြတ်ခံရသည့် နေပြည်တော်တိုင်းစစ်ဌာန ပျဥ်းမနားစစ်ကြောင်းမှူး ကိုစိုင်း၏ ရုပ်အလောင်း

“ပြီးခဲ့တဲ့ ၁ရက်နေ့က သံတောင်မြောက်ပိုင်းမှာ စကစနဲ့ ကျနော်တို့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်တယ်။ အဲ့ဒီပွဲမှာ စကစဘက် အသေအပျောက်များတယ်။ ကျနော်တို့ နယ်မြေရှင်းလင်းရေးမလုပ်နိုင်တော့ ကယန်းပြည်သစ်က ဝင်လုပ်တယ်​​ပေါ့။ အဲ့မှာ သူတို့တပ်စုမှူး ၁ယောက် မိုင်းနင်းမိပြီး ကျသွားတယ်။ မိုင်းကိစ္စက သံတောင်မြောက်ပိုင်းရဲ့ ဦးဆောင်မှုနဲ့ လုပ်တာပါ။ ဒါပေမယ့် သံတောင်မြောက်ပိုင်းကို မထိရဲတော့ ကျ​နော်တို့ PDF ကို မဲတဲ့သဘောပါ။ လက်ရှိ သဘောထားကတော့ ထုတ်ပြန်ချက်ထဲက အတိုင်း ၃ရက်စောင့်မယ်။ ပြီးရင်တော့ အမှုဖြစ်စဥ်ကို တရားသဖြင့် ဖြစ်လာဖို့ အစွမ်းကုန် ဖိအားပေးဆောင်ရွက်သွားမှာပါ” လို့ နေပြည်တော်စစ်ဦးစီး အဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောခဲ့ပါတယ်။

ကယန်းပြည်သစ်တပ်မတော်ဟာ လက်ရှိအချိန်အထိ ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့အတိအလင်း ပူးပေါင်းထားခြင်းမရှိသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်ကိုစိုင်းရဲ့စျာပန အခမ်းအနားကိုတော့ မတ်လ ၁၃ ရက်နေ့က ကရင်နီပြည်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်ရရှိခဲ့သည့် ညှင်းပန်းသတ်ဖြတ်ခံရသည့် နေပြည်တော်တိုင်းစစ်ဌာန ပျဥ်းမနားစစ်ကြောင်းမှူး ကိုစိုင်း၏ ရုပ်အလောင်း
0 Shares:
You May Also Like
Read More

ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့် ဗုံးသီး ၂၈ လုံး ကြဲချတိုက်ခိုက်၊ စစ်အုပ်စုက ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

" Scout ကင်းထောက်ဒရုန်းနဲ့ ကြည့်တာအရဆို သေတာ ၁ ကောင်နဲ့ ၃ ကောင်ဒဏ်ရာရပါတယ်။ အသေးစိတ်ကို စုံစမ်းဆဲပါ။ ခေါင်းဆောင် ဝါယမ ကတုံးကတော့ ပခုက္ကူစစ်ကြောင်း မလာခင်တည်းက နေပြည်တော်မှာ သွားရှောင်နေတာ။ အဲ့ကနေပဲ သူ့တပည့်တွေကို control လုပ်နေပါတယ်။" လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဖာပွန်ဗျူဟာကုန်း အနီးတဝိုက် တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အင်အားကြီး အခြေစိုက်စခန်းတစ်ခုဖြစ်တဲ့ ဖာပွန်ဗျူဟာကုန်း အနီးတဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တိုက်ပွဲဖော်ဆောင်မှုမှာ ပါဝင်တဲ့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

တပခကို တိုက်ခိုက်အပြီး တစ်နေ့တည်းမှာပဲ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ တောင်ငူလေတပ်စခန်း (ကေတုမတီ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းတိုက်လို့ မိသားစုဝင် ၆ ဦးအပါ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။