ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။

(၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ PNFC နဲ့  PNLO/PNLA တို့ ပူးတွဲထုတ်ပြန်လိုက်တာ ဖြစ်ပြီး  စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ပြည်နယ်သစ် ပေါ်ထွန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ပထမ တော်လှန်ရေး၊ ဒုတိယ တော်လှန်ရေးတွေမှာ ကျနော်တို့ဟာ ငဲ့ခဲ့ပါတယ်။ ပအိုဝ်းတွေဟာ ပြည်ထောင်စုကို ငဲ့ခဲ့ပါတယ်။ ကျနော်တို့ကြောင့် ဆိုတာမျိုး အဖြစ်မခံချင်ခဲ့တဲ့အတွက် ပအိုဝ်းပြည်နယ်ကိစ္စကို ရင်ထဲက ရှိသော်လည်း ထုတ်မပြောခဲ့ဘူး။ ဒီကနေ့ တတိယ တော်လှန်ရေးမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ပအိုဝ်း ပြည်နယ်သစ် ပေါ်ထွန်းရေးကို ကျနော်တို့ လိုလားတယ်။ အဲဒါကို ကျနော်တို့ ရယူမယ်။ ရယူတဲ့အခါမှာ ကျနော်တို့ နိုင်ငံရေးနည်းလမ်းနဲ့ ရယူမှာဖြစ်ပါတယ်” ဒီနေ့ မတ်လ ၁၃ ရက်နေ့မှာ  ကျင်းပတဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။

(၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား

တဆက်တည်းမှာပဲ PNLA နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကောင်စီလက်အောက်ခံ PNO/PNA အနေနဲ့လည်း စစ်ကောင်စီနဲ့ ပိုမိုပူးပေါင်းမှုတွေဟာ တခြားသောတိုင်းရင်းသားညီအစ်ကိုတွေက ပအိုဝ်းပြည်သူတွေကို အထင်အမြင်လွဲမှားကာ အမုန်းပွားလေလေဖြစ်နေတယ်လို့ ကြေညာချက် ထုတ်ပြန်သတိပေးခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ လက်အောက်ခံ PNO/PNA အနေနဲ့ လက်ဝေခံပြည်သူ့စစ်ဘဝကနေ အမြန်ဆုံးရုန်းထွက်ပြီး ပအိုဝ်းအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ တော်လှန်ရေးမှာ ပြန်လည်ပူးပေါင်းဆင်နွှဲဖို့ အလေးအနက်ထပ်မံ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

(၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပြီး သဝဏ်လွှာတွေလည်း ပေးပို့ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းကို ဗုံးခွဲတိုက်ခိုက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
Read More

စစ်ဆင်ရေးနယ်မြေအတွင်းက 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တပ်ခွဲ-၂ တပ်ခွဲမှူး ကိုအငယ်လေးက ရှေ့တန်းစစ်ဆင်ရေးအတွက် ရဲဘော်တွေကို မှာကြားနေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

လယ်ဒိုမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၂ ထိန်းချုပ်ရာ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် ၊ လယ်ဒို မြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းမှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ထံက သိရပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သပိတ်ခေါင်းဆောင်များ၊ PDF များနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ အယောက် ၄၀ ကျော်အထိ ရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။