ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) အရာရှိတွေဟာ တပ်ရင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့အတူ ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လက် နက်၊ ဝတ်စုံ ထောက်ပံ့ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့တယ်လို့ KNDF တပ်ရင်း (၂) က မတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲမှာ တပ်ရင်းအကြီးအကဲတွေက ရဲဘော်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးစကားတွေ ပြောကြားခဲ့ပြီး ရဲဘော်တွေရဲ့ ရင်တွင်းခံစားချက်တွေကိုလည်း နားထောင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ခွဲမှူးတွေကလည်း တပ်ခွဲအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို မေးမြန်းဆွေးနွေးခဲ့ပြီး  တပ်ရင်းအကြီးအကဲက ရဲဘော်တွေအတွက် ယူနီဖောင်းတွေ ပေးအပ်ကာ လိုအပ်တဲ့ စစ်လက်နက်တွေကိုလည်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာခန့်ပါသွား (ရုပ်/သံ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမာလာမြောက်ရပ်ကွက် ၇၇ လမ်း ၃၆x၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီ‌ရွှေဆိုင်မှာ လက်နက်ကိုင်ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

”ကရင်နီပြည်မှာ ဒရုန်းမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ရဲဘော်တွေ ပေးဆပ်မှုပိုများလိမ့်မှာတော့ အမှန်ပဲဖြစ်တယ်”KNDF စစ်ရေးချုပ် ခူးရီးဒူ

Karenni Nationalities Defense Force B09 မှာ ပြုလုပ်ထားတဲ့ “ဌာနေပေါ်ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ” သိန်း ၅၀၀၀ ပရောဂျက်ပြုလုပ်ရခြင်းနဲ့ မြေပြင်မှာ ဒရုန်းအရေးပါပုံကို စစ်ရေးချုပ် ခူးရီးဒူမှ ယခုလိုပဲ ရှင်းလင်းပြောကြားခဲ့ပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ငွေတွင်းပျူစခန်းကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ စွန်ရဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့သည့် ပေါက်တိုင်းတံတားဂိတ်တိုက်ပွဲ ရုပ်သံ ဒေါင်းညီနောင်စစ်ကြောင်း ထုတ်ပြန်

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို‌ မေလ ၇ ရက်က တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒေါင်းညီနောင်စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်သားရဲ‌ဘော်များ စုစည်းထားသည့် YARMA BRIGADEတပ်ဖွဲ့မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

ရန်ကုန်သားတွေ စုစည်းထားတဲ့ YARMA BRIGADE တပ်ဖွဲ့ကနေ အပတ်စဉ် ၃ သင်တန်းပြီးဆုံးတဲ့အ တွက် အပတ်စဉ် ၄ အတွက် ရဲဘော်သစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။