အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့မှာ ကျရောက်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းတွေထဲမှာ (၈) လေးလုံး အရေးတော်ပုံကြီးက (၂၆) နှစ်ကြာ တစ်ပါတီ အာဏာရှင်စနစ်ကို အဆုံးသတ်စေခဲ့တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။

“လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်း အသက်သွေး များစွာ ပေးဆပ်ခဲ့ကြသည့် (၈) လေးလုံး အရေးတော်ပုံကြီးက (၂၆) နှစ်ကြာ တပါတီ အာဏာရှင်စနစ်ကို အဆုံးသတ်စေခဲ့ပြီး သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သည်။ ယနေ့သည် ထိုသမိုင်းမှတ်တိုင်ကို စိုက်ထူရာ၌ ဦးဆောင် ပါဝင်ခဲ့ကြသူများထဲမှ ပထမဆုံး အသက်ပေးစွန့်ခဲ့ကြသည့် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် နှင့် ကိုစိုးနိုင် တို့ ကျဆုံးခဲ့ခြင်း (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။” လို့ ယာယီသမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုအချိန်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ့် ပန်းတိုင်ကို နီးကပ်စွာ မြင်တွေ့နေရပြီဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။

“ခေတ်သမိုင်းအဆက်ဆက်၊ မျိုးဆက်အလိုက် ပုခုံးထမ်း သယ်ဆောင်လာခဲ့သည့် တော်လှန်ရေးသည် ယနေ့အချိန်၌ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပြီး ကျောင်းသားပြည်သူအားလုံး လိုလား တောင့်တသည့် အမျိုးသားတန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည့် ပန်းတိုင်ကို နီးကပ်စွာ မြင်တွေ့နေရပြီဖြစ်သည်။ ” လို့ ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရှင်တွေ တကျော့ပြန် ခေါင်းထောင်မလာနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုတွေအားလုံး၊ တိုင်းရင်းသားလူမျိုးစုတွေအားလုံးနဲ့ ကျောင်းသားပြည်သူတစ်ရပ်လုံး စုစည်းညီညွတ်စွာနဲ့ တစိုက်မတ်မတ် အတူတကွ တိုက်ပွဲဝင်သွားဖို့ NUG ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

PDF စိုးမိုးနယ်မြေထဲ လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ Young Force UG က သတင်းထုတ်ပြန်လာပါတယ်။
Read More

မိုးကုတ်မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်တွေကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပုသိမ်ထောင်သို့ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် တခြားအကျဉ်းသား အားလုံး ပုသိမ်ထောင်ကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း အသက်ပေးခဲ့သည့် ယင်းမာပင်ခရိုင် PDF ၃၅ တပ်ရင်းမှ ရဲဘော်နှစ်ဦးရဲ့ ကျဆုံးခြင်းအခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ အခြားတော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နှင့်ပေါက်တွင် စစ်ကောင်စီယာဥ်တန်းနှင့် မိုင်းထွက်ရှင်းသည့်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ၊ ဒုတပ်ကြပ် ၁ ဦးအပါ ထိခိုက်သေဆုံးသူ များပြား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီကားတန်းနဲ့ မိုင်းရှင်းတဲ့စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင်​ ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်သေဆုံးတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် ၆၃ မြို့နယ်အား ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတ ခန့်အပ်ထားသည့် မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကြေညာ

စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုကမြို့နယ် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကြောင်း ယာယီသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။