မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ (၁) ယောက်အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ မတ်လ (၆) ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အလူးလေးကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိ (၁) ယောက် အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ကျိုက်ထိုဘက်က​နေ ဘီးလင်းကို မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ် (၅) စီးပါ ယာဉ်တန်းကို တောင်ပိုင်းစစ်ဒေသ၊ နဂါးဖြူစစ်ကြောင်း (P29904)၊ ဗျူဟာ (၂၇) တပ်ရင်း- ၇၈၀၅ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ ထပ်သားစက်ရုံအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၁ နာရီခွဲခန့် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးတာ ရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် (၁) ယောက် ကျဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Urban Task Force Aung Ban – UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ Urban Task Force Aung Ban - UTF တပ်ဖွဲ့က ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့တစ်ခုလုံးကို AA စတင်သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ် ဂွမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကာ ဂွမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်းလာဖို့ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းမည်ဟု PNFC နှင့် PNLA ပူးတွဲထုတ်ပြန်

ဗမာအပါအဝင် တိုင်းရင်းသား အင်အားစုအားလုံးနဲ့ လက်တွဲကာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာတွင် ကလလတ မှ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး…

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က တော်လှန်ရဲဘော် ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ကလလတ က မနေ့က ထုတ်ပြန်ပါတယ်။