ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်ဖို့ သတင်းစကားတွေ ဖြန့်ဝေခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို ILO ကနေ ပုဒ်မ ၃၃ နဲ့ ဘာကြောင့်အရေးယူဖို့ လိုအပ်သလဲဆိုတဲ့ အချက်တွေပါဝင်တဲ့ သတင်းစကားတွေကို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေထဲ ထည့်သွင်းပြီး အလုပ်သမားထုထံ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

အဲဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့နဲ့ မြေပြင်သပိတ်အင်အားစုတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ် သိန်ခွန်းရွာ တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မတ်လ ၄ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကားဖြင့်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၅ ဦး သေကာ ၃ ဦး ဖမ်းမိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကား ၂ စီးနဲ့ လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးပြီး ၃ ယောက်ကို အရှင်ဖမ်းဆီးမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖယ်ခုံPDF( ၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိမှု မှတ်တမ်း (ရုပ်/သံ)

ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများပါ ရရှိခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းကို စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ 
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

“အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက်စစ်ကော်မရှင်ဟာ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပြီး ကျင်းပပြုလုပ်မယ့် အတုအ‌ယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ် သိုက်ချောင်းရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သိုက်ချောင်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။