မကွေးတိုင်းကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက်မှာ တောမီးတွေ လောင်ကျွမ်းနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အခုရက်ပိုင်းအတွင်း မင်းတပ်မြို့ဝင် တောတန်းတစ်လျှောက် တောမီးတွေ အထိန်းအကွပ်မဲ့ လောင်ကျွမ်းနေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ မိမိတို့ နေအိမ်မှာ မီးဘေးအန္တရာယ်ကို သတိထား နေထိုင်ဖို့ မင်းတပ်မြို့နယ် ပအဖ က အသိပေးထားတာပါ။

ဒါ့အပြင် မီး​ဘေးအန္တရာယ်ကိုလည်း စုပေါင်းလက်တွဲ ကာကွယ်ဖို့နဲ့ မြို့အနီးတဝိုက် တောင်ယာလုပ်ကိုင်သူတွေ၊ တောလိုက်ငှက်ပစ်သူတွေ အနေနဲ့ တောမီးရှို့မှုတွေ မဖြစ်စေအောင် သတိထား စောင့်ကြည့် ကူညီဖို့ မင်းတပ်မြို့နယ် ပအဖ က တိုက်တွန်း အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ဆီဆိုင်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေ ဒရုန်းနဲ့ ဗုံးကြဲ၊ ဒေသခံပအိုဝ်းပြည်သူ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲလို့ ဒေသခံပအိုဝ်းပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပအိုဝ်းပြည်သူလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ရေဖြူမြို့နယ် တပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်က စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာတိုက်ပွဲအတွင်း MDY-PDF ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီအလောင်းများနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။