ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

မတ်လ ၁၁ ရက် ဒီနေ့မှာ ဘုရားသုံးဆူလမ်းကနေ တရားမဝင် ဆက်သွယ်ရေးစက်တွေနဲ့ ပစ္စည်းတွေ ပို့ဆောင်နေတယ်လို့ သတင်းရရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက စောင့်ဖမ်းခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူဟာ ကန်ချနဘူရီခရိုင်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူဟာ ဘုရားသုံးဆူလမ်းကြောင်းကတဆင့် တားမြစ်ပစ္စည်းတွေ တင်ပို့ရာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး Starlink အင်တာနက် ၂၁ လုံး၊ ပုံနှိပ်ပရင်တာ ၅လုံးနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

ထိုင်းသတင်းတွေရဲ့ အဆိုအရ ပွဲစားတစ်ယောက် ချိတ်ဆက်ပေးမှုနဲ့ ဖမ်းဆီးခံရသူဟာ တားမြစ်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကုန်လှောင်ရုံတစ်ခုကနေ ဘုရားသုံးဆူဂိတ်ကို ပို့ဆောင်ပေးဖို့ သယ်ဆောင်လာတာဖြစ်ပြီး အခကြေးငွေ ထိုင်းဘတ် ၅၅၀၀ ရရှိခဲ့တယ်လို့ ထွက်ဆိုထားကြောင်း သိရပါတယ်။

(ဓာတ်ပုံ naewna.com)

0 Shares:
You May Also Like
Read More

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်တယ်လို့ ဘန်ကောက်မှာ ပြုလုပ်တဲ့ မြန်မာ့အရေးအာဆီယံ ၉ နိုင်ငံ ရဲ့ အလွတ်သဘောအစည်းအဝေးအပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာကရစ်ရှနန် က ပြောဆိုလိုက်ပါတယ်။
Read More

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဒီနှစ်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရမှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်နေသလို အာဆီယံ ထိပ်သီးညီလာခံအစည်းအဝေး တက်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း မလေးရှား Bernama သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

မတရား ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လွှတ်ပေးပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်လျှောက်လှမ်းဖို့ နိုင်ငံပေါင်း ၉ နိုင်ငံ တောင်းဆို

အရေးပါတဲ့သူတွေ အားလုံးပါဝင်ပြီး စစ်မှန်၊ မျှတ၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုးနဲ့  မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းဖို့  အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၉နိုင်ငံက ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များ ဘန်ကောက်တွင် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တွေ့ဆုံသွားဖို့ရှိတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအိုအီဘရာဟင်မ်က ပြောကြားလိုက်ပါတယ်။
Read More

လိမ်လည်မှုတွေကြောင့် မြဝတီအပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို ဟောင်ကောင်က ခရီးသွားအန္တရာယ်ရှိ အနီရောင်အဆင့်သတ်မှတ်

ဟောင်ကောင်ဒေသခံတွေ မြန်မာပြည်ကို ဖြားယောင်းခံရပြီး လိမ်လည်လုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံရမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက မြန်မာပြည်အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်က နေရာတချို့ကို ခရီးသွားသတိပေးချက် အနီရောင်အဖြစ် ဇန်နဝါရီလ ၁၇ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။