မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၇ ယောက်သေကာ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းထံက သိရပါတယ်။

မတ်လ ၉ ရက်က နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကနေ ထွက်လာတဲ့ တပ်မ ၁၀၁ လက် အောက်ခံ စစ်ကြောင်းကို ကျားတွင်းဘိုးရွာအနောက်ဘက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၅ ကြိမ် ပစ်ကူပေးခဲ့ တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး ဝင်းလှိုင်ဦး၊ ဗိုလ်ကြီးအောင်ကိုကိုအပါ အဝင် စစ်သား ၁၄ ယောက် ဖမ်းဆီးမိခဲ့ပြီး ၂၇ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ထံက MA 1 ၁၉ လက် ၊ MA 2    လက်၊ MA 3  ၇လက်၊ MA 5  ၂ လက်၊ MA 11 ၇ လက်၊ MA 12  ၁ လက်၊ G 3  ၂ လက်၊ G 4  ၁ လက်၊ ၆၀ မမ ပြောင်းတို  ၂ လက်၊ ၈၁ မမ စိန်ပြောင်း  ၁ လက် ၊ 5.56 ကျည်  ၁၂၀၀၀  တောင့်၊ 7.62 ကျည်  ၁၀၄၅  တောင့်၊ ၉ မမ ကျည် ၁၉ တောင့်၊ ၆၀ မမ ကျည် ၂၈ လုံး၊ ၈၁ မမ ကျည် ၇ လုံး၊ RPG ကျည်အဖူး ၇ လုံး၊ RPG ပို့ကျည် ၈ တောင့်၊ အီနာဂါ ၂၁ လုံး၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး  ၁၁ လုံး၊ Laptop  ၂ လုံးနဲ့ ဆက်သွယ်ရေးစက် ၂  လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄-၁၀၊ နွားထိုးကြီးမြို့နယ် ပကဖ နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရော့ကတ်နဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မှတ်တိုင်အမှတ် ၃၁၇ မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၁ ရက် မနေ့ညနေပိုင်းက ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။
Read More

မော်လိုက်မြို့နယ်ရှိ ထော်သာစခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ထော်သာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် ညပိုင်းက ကင်းပုန်းဝပ်ဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး အနီးကပ်ဝင်ရောက်ပစ်ခတ်ရာ ၇ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချထားတဲ့ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂ ရက်က တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Dawei Guerrilla Revolutionary Force - DGRF က ထုတ်ပြန်ထားပါတယ်။
Read More

ကင်မ်ဂျုံအန်း၏ DNA မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့သည့် ပစ္စည်းများကို မြောက်ကိုရီးယားကိုယ်ရံတော်များ ရှင်းလင်းရေးပြုလုပ် (ရုပ်/သံ)

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပနေတဲ့ တရုတ်အောင်ပွဲနေ့စစ်ရေးပြပွဲကို တက်ရောက်လာတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ DNA နမူနာတွေ မကျန်ခဲ့စေဖို့ သူအသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ကိုယ်ရံတော်တွေက ရှင်းလင်းကြပါတယ်။