ကိုးကန့်အမျိုးသားတို့ရဲ့ ပြီးမြောက်ခဲ့ပြီဖြစ်တဲ့ “အိမ်ပြန်ခရီး” အတွက် အထူးဝမ်းမြောက်ဂုဏ်ယူတယ်လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ (၃၆)နှစ်မြောက် “တပ်မတော်နေ့” အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) က သဝဏ်လွှာပေးပို့လိုက်ပါတယ်။

သဝဏ်လွှာအတွင်း ၁၀၂၇ စစ်ဆင်ရေးကြီးက မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ အန္တိမမျှော်ရည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် များစွာအထောက်အကူပြု ပံ့ပိုးပေးနိုင်ခဲ့တာကြောင့် အထူး ဂုဏ်ယူဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

MNTJP/MNDAA ရဲ့ အဖွဲ့အစည်း ခေါင်းဆောင်ကြီးတွေနဲ့တကွ အဖွဲ့ဝင်တွေအားလုံး၊ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီနဲ့ အဖွဲ့ဝင်တွေအားလုံး၊ ကိုးကန့်ပြည်သူအားလုံးနဲ့ ကိုးကန့်ဒေသမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ပါး သာယာ ချမ်းမြေ့ ဘေးကင်း လုံခြုံပါစေလို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့ကြီးတွေနဲ့ ဟန်ချက်ညီ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဖော်ပြထားပါတယ်။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းရဲ့ ရှေ့အနာဂတ်မှာလည်း နောင်တော် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ အနီးကပ်ပူးပေါင်းလက်တွဲကာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ဆက်လက် ချီတက်သွားမယ်လို့ ဆိုပါတယ်။

မန္တလေး PDF ဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှမ်းမြောက်ကဒေသတချို့မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ချေမှုန်းကာ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြောင်မြို့နယ်၊ ပန်းညိုရွာက စာသင်ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မြေတော်ရွာကို မီးဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ တာဝန်မဲ့မှုကြောင့် ဒေါက်တာဇော်မြင့်မောင် ထောင်တွင်း ပြင်းထန်စွာ ထိခိုက်ခံစားပြီး ကွယ်လွန်ခဲ့ရကြောင်း NUG ထုတ်ပြန်

စစ်ကောင်စီရဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ကြောင့် အကျဉ်းထောင်အတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ကွယ်လွန်ခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အတုယူစရာ၊ မော်ကွန်းတင်စရာ နိုင်ငံရေးသမားကောင်းတစ်ယောက်အဖြစ်  ဝမ်းနည်းစွာနဲ့ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

ဥသျှစ်ပင်မြို့ပေါ်က စစ်မှုထမ်း ရှောင်ရှားဖို့ လစဉ်ကြေးပေးနေရသည့် ရပ်ကွက်များတွင် ပေါ်တာဆွဲ ဖမ်းဆီးခံနေရ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ စစ်ကောင်စီတပ်တွေဟာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို မြို့ပေါ်ရပ်ကွက်တွေထဲအထိပါ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် ကပစ ၂၄ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ နေ့စဥ်ရက်ဆက်ဖြစ်ပွားနေ၊ စစ်အုပ်စုအထိနာကာ လေကြောင်းဆက်တိုက်သုံးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အများအပြား ထိခိုက်သေဆုံးမှုတွေရှိနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်မှာ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။