လက်ရှိ ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေအနေနဲ့ အစမ်းသပ်ခံကာလတွေကို ဖြတ်ကျော်ကာ အောင်မြင်မှုကို တာရှည်ခံအောင် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ MNDAA ရဲ့ တပ်တည်ထောင်ခြင်း နှစ်ပတ်လည်အတွက် AA နဲ့ TNLA တို့က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ MNDAA ရဲ့  ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ (၃၆) နှစ်မြောက် တပ်တည်ထောင်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ AA နဲ့TNLA တို့က ပြောဆိုထားတာ ဖြစ်ပါတယ်။

လာမယ့်ကာလတွေအတွင်း  မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုဟာ  ပိုမိုအရေးကြီးလာနိုင်ပြီး လက်ရှိရရှိထားတဲ့ အောင်မြင်မှုရဲ့  အသီးအပွင့်တွေ တာရှည်ခံပြီး ပိုမိုဖွံ့ဖြိုးလာစေဖို့ အစမ်းသပ်ခံကာလတွေ ဖြစ်တယ်လို့ ရှုမြင်ကြောင်း AA နဲ့ TNLA တို့က ဆိုပါတယ်။ 

တဆက်တည်းမှာပဲ MNDAA ထိန်းချုပ်ထားတဲ့   ကိုးကန့်ဒေသပြန်လည်တည်ဆောက်ရေးနဲ့  ပြန်လည်ဖွံ့ဖြိုးရေးတို့အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ရဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကိုးကန့်အဖွဲ့အစည်းရဲ့  ဖြတ်သန်းမှုသမိုင်းအပေါ် အခြေခံကာ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားပြီး တစ်ခေတ်တစ်ခါတုန်းက ကိုးကန့်ရွှေရောင်နေ့ရက်များ ပြန်လည်ရောက်ရှိလာနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။  

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့လို့ သိကြတဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုအရ မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ဒီနေ့အချိန်အထိ အပြန်အလှန်တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။ 

အာရက္ခတပ်တော် AA က ရခိုင်ပြည်ဘက်မှာ အဓိက အခြေချပြီး မြို့တွေ၊ စစ်ကောင်စီ စစ်စခန်းတွေနဲ့လုံခြုံရေးစခန်းတွေကို ဆက်တိုက်သိမ်းယူမှုတွေရှိနေသလို ရှမ်းပြည်မြောက်ပိုင်းမှာလည်း MNDAA နဲ့ TNLA တပ်ဖွဲ့တွေက စစ်ကောင်စီထိန်းချုပ်တဲ့ မြို့တွေ စခန်းတွေကို သိမ်းယူထားနိုင်တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း အထင်ရှားဆုံးအနေနဲ့ စစ်ကောင်စီ တိုင်းစစ်ဌာနချုပ်ထိုင်တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို MNDAA ဦးဆောင်ပြီး သိမ်းယူခဲ့ကြသလို စစ်ကောင်စီရဲ့ လေ့ကျင့်ရေးတပ်တွေနဲ့ အထင်ကရ စစ်တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်အထိ ခြိမ်းခြောက်နိုင်မလားဆိုတာကိုလည်း စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းကနေ မန္တလေးဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မွန်တပ်တော် ပေါ်ပေါက်လာရေး မွန်တော်လှန်ရေးတပ်များ သဘောတူ ပူးပေါင်း

မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ဖွဲ့ဟာ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ မွန်တပ်တော် ပေါ်ထွန်းလာရေးအတွက် သဘောတူညီခဲ့ကြတယ်လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရေဦးမှာ လူငယ်အယောက် ၂၀ ထက်မနည်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီး…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီတပ်တွေက လူငယ်အယောက် ၂၀ ထက်မနည်းကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

နွားထိုးကြီးမြို့နယ်မှာ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းတိုက်ဖျက်ရေးအဖွဲ့ အပတ်စဥ် (၃) သင်တန်း ပြုလုပ်ပြီးစီး (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထဲ‌ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ခံ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းတိုက်ဖျက်ရေး (SSTF) ရဲ့ အပတ်စဥ် (၃) သင်တန်းပြီးစီးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဆီက သိရပါတယ်။