ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ဂျူလီဘိရှော့ဟာ မြန်မာနဲ့ဆက်နွယ်နေတဲ့ တရုတ်စီးပွါးရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် အကျိုးစီးပွားပဋိပက္ခတွေ ရှိမရှိ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ကုလအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ Energy Transition Minerals (ETM) အပါအဝင် စီးပွားရေးလုပ်ငန်းတွေမှာ ပတ်သက်ဆက်နွယ်နေပြီး ETM ကုမ္ပဏီအတွက် မဟာဗျူဟာအကြံပေးအဖြစ်လည်း ခန့်အပ်ခံထားရတာပါ။

ဂျူလီဘိရှော့အနေနဲ့ ဒီလိုခန့်အပ်ခံရမှုဟာ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေတဲ့ ဂရင်းလန်းဒေသက ယူရေနီယမ်နဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းအတွက် အကြံပေးဖို့ဖြစ်တယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

ဂရင်းလန်းအနောက်တောင်ဒေသက ETM ကုမ္ပဏီရဲ့  Kvanefjeld သတ္တုတူးဖော်ရေးစီမံကိန်းဟာ  သဘာဝပတ်ဝန်းကျင်နဲ့  ကျန်းမာရေးဆိုင်ရာစိုးရိမ်ဖွယ်ရာတွေကြောင့်  ဒေသခံလူထုက ဆန့်ကျင်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ဂရင်းလန်းအစိုးရဟာ ယူရေနီယံတူးဖော်မှု ပိတ်ပင်ချက်ကို ပြဌာန်းလိုက်ပြီးနောက် ယင်းစီမံကိန်းကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

အထက်ပါစီမံကိန်းလုပ်ဆောင်ရာမှာ ဂျူလီဘိရှော့ အကြံပေးအဖြစ် လုပ်ဆောင်ပေးနေတဲ့ ETM ကုမ္ပဏီက ရှားပါးသတ္တုတူးဖော်ရေး တရုတ်ကုမ္ပဏီဖြစ်တဲ့ Shenghe Resources နဲ့ အတူတကွ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလို သတ္တုတူးဖော်ရေးကဏ္ဍမှာ ဂျူလီဘိရှော့ရဲ့ ပါဝင်ပတ်သက်မှု၊ တရုတ်ကုမ္ပဏီတွေနဲ့ ဆက်နွယ်နေမှုတွေဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စောင့်ထိန်းလိုက်နာနိုင်ဖို့နဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ဖို့အတွက် စိုးရိမ်ဖွယ်ဖြစ်တယ်လို့လည်း JFM ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီရိုဂူတာရက်စ့်အနေနဲ့ ဂျူလီဘိရှော့ရဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကျိုးစီးပွါးပဋိပက္ခတွေကို စုံစမ်းစစ်ဆေးမှုတစ်ရပ် မဖြစ်မနေလုပ်ဆောင်ပေးဖို့  Justice For Myanmar က တောင်းဆိုပါတယ်။

ဂျူလီဘိရှော့ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ် ဧပြီလမှာ ခန့်အပ်ခံခဲ့တာဖြစ်ပြီး ရာထူးခန့်အပ်ချက်အရ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ရမှာဖြစ်တာကြောင့် ယုံကြည်မှုနဲ့ သမာသမတ်ရှိဖို့က အရေးပါဆုံးဖြစ်တယ်လို့ JFM က ဆိုပါတယ်။

ဂျူလီဘိရှော့ရဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုတွေကို  Saturday Paper သတင်းစာက ပထမဆုံး သတင်းရေးသား ဖော်ပြခဲ့တာလို့လည်း သိရပါတယ်။ 

တဆက်တည်းမှာပဲ  ETM ရဲ့ အကျိုးတူစီးပွားရေး ပူးပေါင်းမိတ်ဖက်တွေဟာ မြန်မာနိုင်ငံနဲ့ ဆက်နွယ်မှုတွေရှိနေပြီး မြေရှားသတ္တု တူးဖော်၊ သန့်စင်ချက်လုပ်၊ ရောင်းချသူ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Shenghe Resources ကော်ပိုရိတ်ရဲ့ ထုတ်ပြန်ချက်တွေမှာ မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို ရယူနိုင်ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Shenghe Resources နဲ့ နောက်ထပ်အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ China Communications Construction Company (CCCC) ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ အသက်ဝင်နေဆဲဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းတွေနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိ  အာဏာသိမ်းစစ်တပ်ကို  အကြီးဆုံး စစ်လက်နက်ရောင်းချတဲ့ နိုင်ငံတစ်ခုဖြစ်သလို စစ်ကောင်စီကိုလည်း အားပေးထောက်ခံလျက်ရှိပါတယ်။ မြန်မာစစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးကဏ္ဍအပါအဝင် အရေးပါတဲ့ အခွန်ဝင်ငွေရင်းမြစ်တွေကိုလည်း ပေးအပ်နေတာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီထံ စစ်လက်နက်နဲ့ ဘဏ္ဍာငွေတွေ ပေးနေရာကနေ တရုတ်အစိုးရက လက်ရှိ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အားပေးအားမြှောက်လုပ်ဆောင်နေတယ်လို့ JFM က ဆိုပါတယ်။  

“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးအနေနဲ့ ဂျူလီဘိရှော့ရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အရေးတကြီး လုပ်ဆောင်ဖို့၊ ကုလသမဂ္ဂလုပ်ငန်းတာဝန်တွေ ဆက်ပြီးထမ်းဆောင်ဖို့ သင့်လျော်မှန်ကန်ရဲ့လားဆိုတာ ပြန်လည်သုံးသပ်ဖို့နဲ့ တွေ့ရှိချက်တွေကို အများပြည်သူဆီ ထုတ်ပြန်ဖို့ တိုက်တွန်း တောင်းဆိုပါတယ်” လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ပြုလုပ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ…

ကရင်အမျိူးသားအစည်းအရုံး-KNU ရဲ့ အုပ်ချုပ်နယ်မြေတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်တပ်ထောက်ပို့ရဟတ်ယာဉ်တစ်စင်းပျက်စီးဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ တပ်ရင်း ၆၀၀၆ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကိုလာတဲ့ အကြမ်းဖက်စစ်တပ် ထောက်ပို့ ရဟတ်ယာဥ်(Mi 17P) တစ်စင်းကို ပစ်ခတ်ခဲ့တာကြောင့် အဆိုပါရဟတ်ယာဥ်ပျက်စီးသွားကြောင်း BOB - Battalion Of Budalin တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကနီမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မယ်တော်ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ကျောင်းသားဆေးခန်း (ခေါ်) မယ်ထော် ဆေးခန်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဆေးခန်းစတင်တည်ထောင်ခဲ့သူ ဆရာမကြီး ဒေါက်တာစင်သီယာမောင်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။