ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) နဲ့ ပြည်သူ့သားတပ်တော်(P.S.F)တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြုလုပ်ခဲ့တဲ့ ‌အခြေခံစစ်သင်တန်း အပတ်စဉ်(၄) ရဲ့ သင်တန်းဆင်းပွဲကို မတ်လ ၁၀ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသင်တန်းမှာ သင်တန်းသားတွေကို တိုက်ခိုက်ရေး တစ်မျိုးတည်းမဟုတ်ဘဲ သင်တန်းသားတွေရဲ့ အားသာမှုတွေနဲ့ စိတ်ပါဝင်စားမှုရှိတာတွေအပေါ်  စနစ်တကျစိစစ်ပြီး သက်ဆိုင်ရာတာဝန်တွေ ပေးအပ်ခဲ့တယ်လို့ DSNDA က ဆိုပါတယ်။

DSNDA အနေနဲ့ အရည်အချင်းရှိပြီး ပြည်သူအပေါ် သိတတ်ကာ စိတ်ဓာတ်ပိုင်းခိုင်မာတဲ့ ရဲဘော်အသစ်တွေ ထပ်မံမွေးထုတ်ပေးဖို့လည်း ဖိတ်ခေါ်​နေတယ်လို့ ဆိုပါတယ်။

အာဏာရှင်စနစ်ဆိုးကို တော်လှန်နေတဲ့ ညီနောင်တပ်ဖွဲ့တွေအနေနဲ့လည်း နည်းပညာအရရော စစ်ရေးအရပါ တော်လှန်ရေးခရီးတစ်လျှောက် လက်တွဲပြီး အပြန်အလှန် အကူအညီတွေ ဖလှယ်ကာ တော်လှန်ရေး ရှေ့ကို ပိုမိုမြန်‌ဆန်စွာ ခရီးရောက်ရှိစေဖို့ အမြဲကြိုးစားနေတယ်လို့ DSNDA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ စစ်ရေးတင်းမာနေပြီး တညောင် – ဆင်ဖြူကျွန်းလမ်းပိုင်းကို စလင်း ပကဖ ယာယီပိတ်ထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေရာ အရပ်သားသေဆုံးမှုတွေရှိ​တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BLACK COBRA COLUMNက ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မယ်သမီခီး (ထီးခီး) ကျေးရွာကို စစ်အုပ်စု ဆက်တိုက် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ယောက်ကို နွေးထွေးစွာ ကြိုဆိုရင်း ဆုကြေးငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ Myingyan Twenty one Guerilla Force - MTGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။