မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ဆီက သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ပကဖ အနေနဲ့ စစ်ဘေးရှောင် အိမ်ထောင်စု (၆၀) ကျော်ကို တစ်အိမ်ထောင် ဆန် (၃) ပြည်၊ ဆီ (၅၀) ကျပ်သား ထောက်ပံ့ပြီး ကျန်းမာရေးချို့တဲ့တဲ့ ပြည်သူ (၄၀) ကျော်ကို မြို့နယ်ပကဖ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်ကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ တိုက်ခိုက်ရေး၊ လူထုစည်းရုံးရေးလုပ်ငန်း‌တွေအပြင် စစ်ဘေးရှောင် ကူညီထောက်ပံ့ ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းပြည်နယ်က စစ်ကောင်စီရဲ့ အောင်တိုတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ် ဟားခါး နဲ့ ထန်တလန်ကြားက  နောက်ဆုံးလက်ကျန် အော်တိုတောင်တပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်း အမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ထမင်းမစားကျေးရွာ တပ်စခန်း ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်လာ၊ စစ်အုပ်စုကို ခုခံတိုက်ခိုက်မှု စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထမင်းမစားကျေးရွာ စစ်တပ်စခန်း ပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်…

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင် အလင်းဝင်လာတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ပဲခူးတိုင်းမှာ ၂၀၂၅ ခုနှစ် ပထမ ၄ လအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၃၂ ဦးရှိဟု AAPP ထုတ်ပြန်

ပဲခူးတိုင်းမှာ ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။