အင်းလေးဒေသမှာ ပအိုဝ်းပြည်သူ့စစ်တွေက စစ်ရှောင်ပြည်သူတွေကို ပြည်သူ့စစ်အဖြစ် ခေါ်ဆောင်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) က အသိပေးထုတ်ပြန်ပါတယ်။

ပအိုဝ်းပြည်သူ့စစ်တွေက ညောင်ရွှေမြို့နယ်ရှိ ရေပူကျေးရွာသားတွေကို စစ်ရှောင်ဖို့ ဖိအားပေးခဲ့ပြီးနောက် ပြည်သူ့စစ်အတွင်းထည့်သွင်းကာ စစ်ရေးလေ့ကျင့်ပေးမှုတချို့ လုပ်ဆောင်နေတယ်လို့ IPDF က ဒီနေ့ မတ်လ ၉ရက်မှာ ထုတ်ပြန်ပါတယ်။

ပအိုဝ်းပြည်သူ့စစ်ဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဘုရားတောင်စစ်ဘေးရှောင်စခန်း အနီးကိုလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတချို့ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

IPDF ၏ ထုတ်ပြန်ချက်

အင်းလေးဒေသရှိ ထီရီး၊ နမ့်ပွန်၊ ထီဟန်းတား၊ရန်ကင်း၊ ဟူးရမ်းနဲ့ လွယ်ခေါ် ကျေးရွာရှိ ပြည်သူတွေ အပါအဝင် ညီနောင်ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်ရာ ကျေးရွာတွေအနေနဲ့လည်း ပြည်သူ့စစ် စုဆောင်းခြင်းကို အထူးသတိပြုဖို့ နှိုးဆော်ထားပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်းပြည်သူ့စစ်ကို အားပြုကာ သူတို့ လက်လွှတ်ထားရတဲ့ ဒေသတွေကို ပြန်လည်ရရှိိဖို့ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူအပေါ် မောက်မာရိုင်းစိုင်းတဲ့ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် ဦးစန်းငွေ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ဆေးကုသမှုခံယူနေရကြောင်း Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စလင်းတွင် ရဲစခန်း ၂ ခုနှင့် ရုံးပေါင်းစုံရုံးရှိရာကို ပကဖတိုက်ခိုက်ရေးတပ်များ လက်နက်ကြီးများ၊ RPG 7 များနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်အုပ်စုတွေရှိရာ စလင်းမြို့မရဲစခန်း၊ ရုံးပေါင်းစုံနဲ့ လင်းဇင်တိုက်နယ်ရဲစခန်းတို့ကို RPG 7 အပါဝင် လင်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ကျောက္ကာလမ်းပိုင်းရှိ ရေနံကုန်းကွက်သစ်ကို စစ်အုပ်စု အင်အားအလုံးအရင်းသုံး မီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-ကျောက္ကာလမ်းပိုင်းမှာ သံချပ်ကာကားတွေ အသုံးပြုစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ရေနံချက်ဖိုတွေရှိရာ ရေနံကုန်းကွက်သစ်ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့ရ

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။