ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ နတ်ထမင်းကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းကြေး အတင်းကောက်ခံနတဲ့ ရာအိမ်မှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ပါတယ်။ 

မနေ့က မတ်လ ၈ရက် နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ နတ်ထမင်းကျေးရွာရဲ့ ရာအိမ်မှူးဖြစ်သူ အငယ်လေး (ခေါ်) သက်နိုင်စိုးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) ၊ တပ်ခွဲ (၂) နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး သူ့ရဲ့ နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သူက အရမ်းဆိုးနေလို့ ရှင်းရတာ။ နတ်ထမင်းရွာက မရှိနွမ်းပါးသူတွေဆီက အတင်းအကြပ် စစ်မှုထမ်းကြေးတွေ ကောက်နေတာ အများစုက တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ သူတောင်းတဲ့ငွေ မပေးနိုင်ကြဘူး။ ငွေမပေးလို့ဆိုပြီး စခတွေခေါ် ပေါ်တာဆွဲလို့ ရွာကလူတွေလည်း ပြေးရလွှားရနဲ့ အလုပ်မလုပ်ရတော့ ထမင်းတောင် ငတ်တဲ့အထိဖြစ်နေကြတယ်။ အငယ်လေးကို မရှင်းရင် ပြည်သူတွေ ထမင်းငတ်ကုန်တော့မယ့် အခြေအနေမို့ စခတွေ အထပ်ထပ်ကို ကျော်ပြီး မိုးညိုမြို့နယ်အစပ်နားထိ သွားရှင်းခဲ့ရတာပါ” လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အဆိုပါ နတ်ထမင်းကျေးရွာဟာ မင်းလှမြို့နယ်အပိုင်ထဲမှာ ရှိပေမယ့် မိုးညိုမြို့နယ်အစပ်နားမှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ 

ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးဟာ စစ်မှုထမ်းကြေးဟုဆိုကာ မရှိနွမ်းပါးတဲ့ ပြည်သူတွေထံမှ ငွေကြေးတွေ အတင်းအကြပ် ကောက်ခံနေပြီး ကောက်ခံငွေ မပေးနိုင်သူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာတွေ​၊ စစ်တပ်ထံ မမှန်သတင်းပေးကာ ပြည်သူတွေကို ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရသည့် နတ်ထမင်းကျေးရွာ ရာအိမ်မှူး အငယ်လေး (ခေါ်) သက်နိုင်စိုး (ဓာတ်ပုံ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃))

0 Shares:
You May Also Like
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များမှာ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅)ဦးနှင့် ရောင်းဝယ်သူ (၇)ဦး ဖမ်းဆီးနိုင်ခဲ့ဟု TNLA ထုတ်ပြန်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်၊  မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်မှာ ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၈၅) ယောက်နဲ့ ရောင်းဝယ်သူ (၇) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့က ခမရ-၅၀၃ နဲ့ ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်တပ်မိသားစုဝင် (၁၉၁) ယောက်ကို TNLA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။