ပဲခူးတိုင်း၊ ဝေါမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါပကဖ က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ညောင်ခါးရှည် X Ray ဂိတ်ကို မတ်လ ၈ရက်နေ့ မနက် ၃နာရီမှာ ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုတွေကိုတော့ စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ညောင်ခါးရှည် X-Ray ဂိတ်ဟာ အရပ်သားပြည်သူတွေကို မကြာခဏ အကြပ်ကိုင် ငွေညှစ်ဖမ်းဆီးလေ့ရှိတဲ့ စစ်ဆေးရေးဂိတ်လည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) နဲ့အတူ ကဝမြို့နယ်(ပကဖ) အဖွဲ့က ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသော လူငယ်များ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းခြင်းခံရသူတွေ အခုရက်ပိုင်းအတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ ထိခိုက်သေဆုံးမှု များပြားလာကြောင့် စစ်မှုထမ်းဆင်း လူငယ်တွေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

မင်းကွန်းတွင် စစ်ကြောင်းထိုးမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်သားများအနက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူများပါဝင်

"အရှင် ဖမ်းမိတဲ့ သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရဆို တပ်ထဲမှာ မူးယစ်ဆေးက လိုရင် လိုသလောက် ရတယ်တဲ့။ နယ်မြေရှင်းလင်းဝင်တော့ ရှေ့တန်းပွိုင့်ရဲ့ နေရာတိုင်းလိုလိုမှာ အပ်တွေတွေ့ရတယ်။ အလွန်အကျွံ သုံးကြတာပါ။ ရှေ့တန်းမှာတောင် ဒီလောက်တွေ့ရရင် နောက်တန်းမှာဆို ဒီထက်ပိုဆိုးနိုင်တယ်" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ထန်းတပင်မြို့နယ်မှာ စစ်တပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး -KNU တပ်မဟာ (၂) စစ်ရေးလှုပ်ရှားမှုအတွက် ရံပုံငွေ ရှာဖွေပေးနေတဲ့ စစ်တောင်းကမ်ပိန်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်တွင် ဆွံ့အပြည်သူ ၁ ဦးအပါ ၉ ဦးကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲမှာ ဆွံ့အပြည်သူ ၁ယောက် အပါအဝင် ၉ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကိုင်းခရိုင် တပ်ရင်း (၁) ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စစ်အုပ်စုထံ ဝင်ရောက်သွားသည်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ စစ်အုပ်စုထံ အလင်းဝင်ရောက်သွားတယ်လို့ အဆိုပါတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။