တနင်္သာရီမြို့နယ်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းကို မတ်လ ၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရ ပါတယ်။

ခမရ ၅၅၈ တပ်ရင်းအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပေမယ့် မြေပြင်အခြေအနေအရ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ က ဖ) ဇုန်(၄)နဲ့ ဇုန်(၅) က တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြား တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးစနိုက်ဘာရဲဘော်ရဲ့ မှတ်တမ်းပုံရိပ်တွေ PDF-Zoland ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ PDF-Zoland (Sniper Team) ရဲ့ အမျိုးသမီးရဲဘော် ၁ ယောက် တိုက်ပွဲဝင်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို PDF-Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းရှိ တောကျွဲအင်းမြို့ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ရှိ စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၆၀၄ ဒုံးတပ်ရင်းကို အောက်တိုဘာ ၁၃ ရက် ညပိုင်းအချိန်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်PDFစစ်ကြောင်း တပ်ရင်း(၉၀၁)ထံက သိရပါတယ်။
Read More

ခိုးသန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာက ခိုးသန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံခဲ့ရပြီး ၃ ယောက် သေဆုံးကာ ၇ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းတွင် စစ်ယာဥ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။