စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ​ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်​ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
မတ်လ ၁ ရက်နဲ့ ၂ ရက်တွေက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hip 25 နှစ်ပြည့်ပွဲကို Noid Entertainment ကုမ္ပဏီက “Noid Music Festival” အမည်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အထက်ပါ NOID Music Festival ပွဲကို စစ်ကောင်စီ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ရဲ့ သားဖြစ်သူ ထက်ရဲနောင်က စပွန်ဆာပေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာလည်း စစ်ကောင်စီရဲ့ သွယ်ဝိုက်ပံ့ပိုးပေးမှုတွေ ပါဝင်ခဲ့တယ်လို့ တော်လှန်လူငယ်တွေက ထောက်ပြနေတာဖြစ်ပါတယ်။
မတရားအာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲက ထိပ်တန်းအရာရှိ ၁ ယောက်ဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီပွဲမှာ ထက်ရဲနောင်နဲ့အတူ ပါဝင်​သီဆိုခဲ့တဲ့ ဟစ်ဟော့အဆိုတော်တွေရဲ့ တပျော်တပါး ဆင်နွှဲနေကြတဲ့ ဖျော်ဖြေမှုပုံရိပ်တွေ ထွက်ရှိလာပြီးတဲ့​နောက် တော်လှန်လူငယ်တွေနဲ့အားပေးခဲ့ဖူးသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန် နေတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ စရဖ ဟာလည်း စစ်တပ် အာဏာမသိမ်းခင်အချိန်ကတည်းက အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကွန်ယက်တွေထဲ ထိုးဖောက်ဝင်ရောက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ Acid အဖွဲ့က ဟစ်ဟော့(ပ်) အဆိုတော်တစ်ဖြစ်လဲ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်ကို ရက်ရက်စက်စက် ကြိုးပေးသတ်ဖြတ်ခဲ့သလို စစ်တပ်အရာရှိတွေကို လူထုခေါင်း​​ဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိူင်းယှဥ်​ပြီး ဝေဖန်ခဲ့ဖူးတဲ့ အဆိုတော် ဗျူဟာကိုလည်း ဖမ်းဆီးအကျဥ်းချထားတာလည်း ဖြစ်ပါတယ်။
” ဒီကောင်တွေရှေ့မှာ ဘားတွေ ကလပ်တွေမှာသီချင်းဆိုနေကြတာပဲ။ အဲ့အထိဘာမှမပြောကြဘူး။ အခုက ဘောမရုံတင်မဟုတ်တော့ဘူးဆိုတော့ပြောစရာကိုမရှိတော့တာပါ။ အခုလို စစ်တပ်လူ့မလိုင်လွှာကကောင်တွေနဲ့ပေါင်းနေမှတော့ သူတို့လုပ်ထားတဲ့ ဂီတက မြောင်းထဲရောက်သွားပါပြီ.” လို့လည်း တော်လှန်လူငယ် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ကိုဇေယျာသော်ရဲ့ အမျိုးသမီးဖြစ်သူ တော်လှန်အနုပညာရှင် မသဇင်ညွှန့်အောင်ကလည်း
” ကိုဇေယျာသော်ရက်ပ်တွေ ယူဆိုကြဖို့ မင်းတို့နဲ့တန်လို့လားး ဟမ် ၊ လူငယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နေရာဝင်ယူပီး ထကြွနေတာ မင်းတို့အတွက်တော့ အဲလိုလေးတွေလုပ်ရတာ သူပုန်ထတာမျိုးပေါ့ ဟုတ်လား၊ စစ်ဖိနပ်အောက်မှာ မင်းအောင်လှိုင်ကိုအခွန်ဆောင်မှ ပွဲလုပ်ရတဲ့ဘဝတွေမှာ သာယာနေကြတာ ၊ မင်းတို့ပျော်ချင်လို့ပျော်တဲ့ အပျော်ပွဲမှာ Nitric Rap တွေယူဆိုစရာ စောက်ကြောင်းကိုမရှိဘူး သီချင်းရေးဆိုထားတဲ့ပိုင်ရှင်ကို အားမနာတာမျိုး ၊သတ္တိမရှိတဲ့ လမ်းမပေါ်ကဘဝတွေကို ကိုယ်စားမပြုတဲ့ စောက်ပေါ Hip Hop အကြောင်းတွေ သိပ်မပြောကြနဲ့ စောက်ရှက်ပဲ” လို့ သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်မှာ ရေးသားထားပါသေးတယ်။
မြန်မာ Hip Hip 25 နှစ်ပြည့်၊ NOID Music Festival ပွဲကို ဖျော်ဖြေခဲ့သူတွေထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးသီချင်းသီဆိုခဲ့သူ ဇွဲသက်ပိုင်၊ လန်ဘားတို့ အပြင် စစ်အာဏာသိမ်းလးခါစ တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့တဲ့ ဟစ်ဟော့(ပ်) အဆိုတော် အများအပြားပါဝင်နေရာ တော်လှန်လူငယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ – Noid Music Festival မှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ထက်ရဲနောင် တို့ကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အလေးပြုအခမ်းအနား ပြုလုပ်…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ ၏ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ဧပြီလအတွင်း သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၇ ဦး အပါအဝင် အရပ်သားပြည်သူ ၄၁ ဦး သေဆုံးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်တဲ့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး (၅၈) ယောက်ရှိတယ်လို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။