မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၈ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ သေနတ် ၁ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်က ထုတ်ပြန်ပါတယ်။

မတ်လ ၅ ရက် ညပိုင်းမှာ ခလရ ၂၅၈ တပ်ရင်းက အသက် ၂၃ နှစ်အရွယ် စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (ပကဖ) ထံ ဆက်သွယ်ပြီး MA1 တစ်လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သားသစ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာပုံတံတားမှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စစ်တပ်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်ချင်ရင် ယုံကြည်စွာ ဆက်သွယ်နိုင်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၈လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင်

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

NPT PDF တပ်ရင်း ၈၀၃ မှ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂) နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၈၀၃ (NPT PDF B-803) က ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NPT PDF B-803 က ရဲဘော်အရှည်ကြီး (ခ) ငြိမ်းထက်နိုင် (ခ) သာကော ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း(၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အဖြစ် ဦးညွှတ်အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ဖောက်အလေးပြုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကဗျာရွတ်ဆိုတာ၊ ကဗျာရွတ်ဆိုပေးသူတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို NPT PDF တပ်ရင်း ၈၀၃ ရဲ့ Fundraising Team ဖြစ်တဲ့ Cranes Logistic ရဲဘော်တွေက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ရွာငံမြို့နယ် တောင်ပြိုကျမှုအတွင်း စစ်ရှောင်စခန်းတစ်ခု မြေကြီးထဲ နစ်မြုပ်သွား၊ ကလေးငယ်များအပါ ၁၀ ဦး သေဆုံးပြီး ၁ ဦးသာ အလောင်းပြန်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ တောင်ပြိုကျမှုအတွင်း စစ်ဘေးရှောင်စခန်း နစ်မြုပ်သွားရာ ကလေးငယ် ၃ ယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Danu State National Defence Army (DSNDA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် စလင်းမြို့နယ်မှာ အရပ်သားပစ်မှတ်များရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၁ ဦးသေပြီး ဘုရားစေတီနှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတော်ပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။