စစ်ကောင်စီက သူ့လက်အောက်မှာ နိုင်ငံ့ဝန်ထမ်း မလုပ်ဘဲ ဆေးတက္ကသိုလ်တွေမှာ ပညာသင်ယူပြီးစီးခဲ့တဲ့ ဆရာဝန် ၁၀၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းထားမှုအပေါ်  အများစုကို ဖက်ဒရယ် ဆမ လိုင်စင်များထုတ်ပေးပြီး နိုင်ငံတကာမှာ အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့  ဆောင်ရွက်ပေးထားကြောင်း  ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ၊ ဆေး နှင့်ဆေးနှီးနွယ်တက္ကသိုလ်များရဲ့ အဓိပတိ ဖြစ်သူ ပါမောက္ခဒေါက်တာခင်မောင်လွင်က ပြောပါတယ်။

စစ်ကောင်စီက CDM ဆရာဝန်တွေအပေါ် အငြိုးတကြီး လုပ်ဆောင်လာအပေါ် ဒေါက်တာခင်မောင်လွင်က သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် ပြန်လည်တုန့်ပြန် ပြောကြားခဲ့တာပါ။ 

“ကျွန်တော့်အနေနဲ့ပြောပြရမယ်ဆိုရင်တော့ ….။ အကုန်လုံးနီးပါးကို ဘွဲ့လက်မှတ်တွေလဲ ထုတ်ပေးပြီးပါပြီ။ Federal Sama တွေလဲ ထုတ်ပေးထားပြီးပါပြီဗျ။ တော်တော်များများလဲ နိုင်ငံတော်တော်များများ ကို ရောက်နေကြပြီး အလုပ်အကိုင်တွေအဆင်ပြေနေကြပါပြီ။ ဘွဲ့လွန်သင်တန်းတွေလဲ ကမ္ဘာအနှံ့မှာတက်နေကြပါပြီဗျ။ သူတို့ပေးတဲ့ဘွဲ့လည်း ဘယ်သူမှလာယူမှာ မဟုတ်ပါဘူး” လို့ ပါမောက္ခ ဒေါက်တာခင်မောင်လွင် က အသိပေး ရှင်းလင်းခဲ့ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပါဝင်ခဲ့တဲ့ ဆရာဝန်တွေ၊ အထူးကုဆရာဝန်တွေက ဦးဆောင်ပြီး ကြားကာလ တက္ကသိုလ်ကောင်စီ အသီးသီးကို ဖွဲ့စည်းကာ ဘွဲ့လက်မှတ်ပေးအပ်နေတယ်လို့ သိရပါတယ်။

ဆေး နှင့်ဆေးနှီးနွယ်တက္ကသိုလ်များရဲ့ အဓိပတိ ဖြစ်သူ ပါမောက္ခဒေါက်တာခင်မောင်လွင်

မင်းအောင်လှိုင်ရဲ့ အမိန့်အောက်မှာ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တင်ထွန်းတို့က CDM ဆရာ၀န်တွေကို ဆေးပညာဘွဲ့နှင့် ဆေးကုသခွင့်လက်မှတ် (ဆမ) မထုတ်ပေးခြင်း၊  ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနဲ့ အမည်ပျက်စာရင်းသွင်းခြင်းတွေကို  အဓိကလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်တွေမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့တဲ့ ဆရာဝန် ၁၀၂၂ ယောက်ကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ တိုင်းပြည်အာဏာကို မတရား ရယူပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်က ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းပေါင်း ၅ သောင်းနီးပါး CDM ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျောင်းပြီးခဲ့ကြတဲ့ ဆရာဝန်တွေကို သူတို့လက်အောက်မှာ ဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် ဆရာဝန်လောင်းအများစုက နိုင်ငံရေးအခြေအနေတွေကြောင့် စစ်ကောင်စီ လက်အောက်မှာ အလုပ်လုပ်ဖို့ ငြင်းဆန်မှုတွေ ရှိခဲ့တာကြောင့် စစ်ကောင်စီက အငြိုးတကြီးနဲ့ လုပ်ဆောင်ခဲ့တယ်လို့ CDM ဆရာဝန်တွေက ဆိုပါတယ်။

ဆေးပညာစတင်သင်ယူချိန်ကနေ ကျောင်းပြီးတဲ့ အချိန်အတွင်း ၃နှစ်တိတိ နိုင်ငံ့ဝန်ထမ်း မလုပ်ချင်ရင် ငွေကျပ် ၁၀ သိန်း ပေးလျော်ရမယ်ဆိုတဲ့ ကတိခံဝန်ချက် ရှိပေမယ့် အာဏာသိမ်းမှုကို မနှစ်မြို့တာကြောင့် အများစုက ငွေ ၁၀ သိန်း ပေးလျော်ဖို့ကိုသာ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မွန်လူငယ်တွေ စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ ပါဝင်ဖို့ မွန်ပြည်သစ်ပါတီက ဖိတ်ခေါ်

စစ်အာဏာရှင်ကို အမျိုးသားဘုံရန်သူအဖြစ်သတ်မှတ်ပြီး စစ်အာဏာရှင်တိုက်ခိုက်ရေးမှာ ပါဝင်ဖို့ မွန်လူငယ်တွေကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

ကျိုက်ထိုမြို့နယ် ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲမှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူ၊ ၅ ပါး ဒဏ်ရာပြင်းထန်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ငလျင်ကြောင့်ဘာသာရေး အဆောက်အအုံ ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရဟု NUG ထုတ်ပြန်

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေး အဆောက်အအုံပေါင်း ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သည့် ညဘက် အပြင်ထွက်ချိန် ပေါ်တာဆွဲခံရသူ စစ်သား ၁ ဦး ဒေါနစစ်ကြောင်းဆီ လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၃၁ က စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ၃၃ နယ်မြေ ၊ ဒေါနတပ်ရင်း ၊ ‌တပ်ခွဲ(၄) (Kanbauk Defense Force) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာကုန်းစခန်းကို KNLA နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်နိုင်ခဲ့၊ စစ်ကောင်စီ ဗျူဟာမှူးကို အသေဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ထီးခီးဒေသထဲမှာ တည်ရှိတဲ့ ထီးထစစ်ကောင်စီစခန်းကို ကရင်အမျိူးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့

တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။