ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ရဲ့ ထောက်ပို့ငွေနဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြား၊ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် – PRF အနေနဲ့ ရန်ကုန်တိုင်းအတွက် ပါဝင်တာဝန်ထောက်ပို့ခဲ့တဲ့ ထောက်ပို့ငွေပမာဏဟာ တပ်ရင်းအထောက်အပံ့နဲ့ အထွေထွေအသုံးစရိတ်တွက် လိုအပ်မှုအပြင် ပိုမိုရရှိခဲ့တာဖြစ်တာကြောင့် ရန်ကုန်တိုင်းတပ်ရင်းအတွက်  ကျည်ကာအင်္ကျီ အခု ၁၆၀  ၊ ကျည်ကာပလိပ်ပြား အခု ၃၂၀ နဲ့ ကျည်ကာဦးထုပ် အခု ၁၆၀ တို့ကို တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မြေပြင်မှာ ရန်သူနဲ့ မျက်နှာချင်းဆိုင် တိုက်ပွဲဝင်နေရတဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်သားတွေရဲ့ အသက်တွေ ထိခိုက်ဆုံးရှူံးမှုတွေကို ကာကွယ်ပေးနိုင်အောင်  ကြိုးစားရုန်းကန်ပေးကြတဲ့ ထောက်ပို့တပ်သား အယောက်စီတိုင်းကို လေးစားဂုဏ်ယူကြောင်း ရန်ကုန်တိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြည်သူလုထုရဲ့  လေးနက်တဲ့ မေတ္တာနဲ့  ပါဝင်ထောက်ပို့မှုတွေကြောင့်  PDF ရဲဘော်တွေဟာ လုံခြုံ ၊ ရဲရင့်စွာ ဆက်လက်တိုက်ပွဲဝင်နိုင်ပြီဖြစ်ပြီး တော်လှန်ရေးအရှိန်ကိုမြှင့်တင်ကာ စစ်ရေးအောင်ပွဲတွေ အလီလီ ထပ်မံရရှိနိုင်ဖို့အတွက်လည်း ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်သားတွေအနေနဲ့ ထောက်ပို့တပ်မှာ တာဝန်ပိုယူဖို့ကိုလည်း ရန်ကုန်တိုင်းစစ်ဌာနက တိုက်တွန်းထားပါတယ်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်မှာ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်ချင်ရင်

1f1eb.png  fb.me/prf4pdf

1f4ac.png m.me/prf4pdf

 t.me/prf4pdfbot ကနေ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။
Read More

ရေဦးမှာ သင်တန်းဆင်းပွဲလုပ်နေတဲ့ ပျူတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ ၇ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ ပျူစောထီးသင်တန်းဆင်းပွဲကျင်းပတဲ့နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၃ယောက်သေပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ​၇ယောက်ရှိခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

နောင်ချိုမြို့နဲ့ နမ့်ဆန်မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံးအပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချလို့ ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ ​နမ့်ဆန်မြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂) လုံးအပါအဝင် ဗုံး (၈) လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့နဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များတိုက်ခိုက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းကို စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြီး ခဲယမ်းအများအပြား သိမ်းဆည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ခုခံတော်လှန်တိုက်ပွဲကြီးတွင် တအာင်းတို့၏ ရဲစွမ်းသတ္တိမြင်ရသဖြင့် လေးစားဖွယ်ရာ တိုင်းရင်းသားလူမျိုးကြောင်း CRPH သဝဏ်လွှာပို့

ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ရင်း နွေဦးတော်လှန်ရေး ပြည်သူ့ခုံခံတော်လှန်တိုက်ပွဲကြီးတွေမှာ တအာင်းလူမျိုးတို့ရဲ့ ရဲစွမ်းသတ္တိကို မြင်တွေ့ရတာကြောင့် လေးစားဖွယ်ရာ တိုင်းရင်းသားလူမျိုးဖြစ်တယ်လို့ ၂၇၁၇ နှစ်ပြည့် တအာင်းနှစ်သစ်ကူးနေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ပါတယ်။