”အခုလက်ရှိတိုက်နေရတာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ကျောင်းဆင်းလာခါစ ရဲဘော်တွေဆိုရင် သူတို့အိမ်တွေနဲ့ မိဘတွေနဲ့ အဆက်အသွယ်မရကြဘူး။ ကျောင်းဆင်းလာတဲ့ ရဲဘော်တွေ ကျနော့်မျက်စိရှေ့တင် တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ် တိုက်ပွဲကျကုန်တာ။ ကျောင်းဆင်း သူတို့ မိဘနဲ့ အဆက်အသွယ်မရခင် သူတို့က ကျသွားပြီ။ အဲလိုမျိုးတွေ မြင်တွေ့ရတော့ စိတ်မကောင်းဘူး။ တိုက်နေရတာလည်း ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာကိုလည်း ခေါင်းထဲ ဝင်လာတယ်။ အဲဒါနဲ့ ဒီဘက်အလင်းဝင်လာတာပါ”
— Previous article
ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ
Next article —
ဒေါနတပ်ရင်းတွင် စစ်သားဘဝမှ PDF ရဲဘော်ဖြစ်လာသူ ၂၃ ဦးရှိပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ
You May Also Like
ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်ရဲ့ ဖမ်းဆီး စစ်မှုထမ်းခိုင်းထားခြင်းခံရတဲ့ ဘုန်းကြီးကျောင်းသား စစ်သင်တန်းကနေ ထွက်ပြေးလာသူရဲ့ ပြောကြားချက် (ရုပ်/သံ)
- March 6, 2025
''ကျွန်တော်ကတော့ PDF က ပြည်သူထဲက ပြည်သူပဲ။ သင်တန်းပြီးရင် PDF နဲ့ ပြန်တိုက်ခိုင်းမှာ။ မတိုက်နိုင်ဘူး။ ကျွန်တော်တို့ ပြေးလို့ မလွတ်လာလို့ ပါသွားခဲ့ရင်တောင်မှာ ရှေ့တန်းရောက်ရင် အလံဖြူပြမှာပဲ။ အလံဖြူပြမယ့်သူတွေလည်း တပုံကြီး။ အကုန်လုံးက ပေါ်တာဆွဲခံရတဲ့ သူချည်းပဲ"
အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်ဇင်ဝင်း၏ ပြောကြားချက် (ရုပ်/သံ)
- April 23, 2025
''စစ်တပ်ထဲကို ကျနော်တို့လည်း မဝင်ချင်ဘူး။ အတင်းအဓမ္မဝင်ခိုင်းတယ်။ ထွက်ပြေးလည်း လိုက်ဖမ်းတယ်။ စစ်တပ်ထဲမှာခေါ်ပြီး နှိပ်စက်တယ်။ ကျနော်တို့မလုပ်ချင်တာတွေလည်း အတင်းအဓမ္မခိုင်းတယ်။ သူတို့ဒီလုပ်ရပ်က လူမဆန်တဲ့ လုပ်ရပ်။ သဘောမကျဘူး။ အဲဒါကြောင့်မလို့ အလင်းဝင်လာတာ''
တိုက်ပွဲတစ်ခုအတွင်း လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ခန့်ကိုစိုး ပြောကြားချက် (ရုပ်/သံ)
- November 11, 2024
''ကျနော့်အနေနဲ့ကတော့ လက်နက်ချအညံ့ခံတယ်ဆိုတာတော့ တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့တော့ မထင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူတွေနဲ့ပဲ ကျနော်တို့သဘောဆန္ဒအရ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲလိုပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက်လည်း ပြည်သူတွေရဲ့ စေတနာတွေ၊ မေတ္တာတွေကို ကျနော်တို့ လက်ခံရရှိပါတယ်။”
ရေစကြိုမြို့ ခလရ ၂၅၇ မှ စစ်မှုထမ်းတပ်သား ချစ်စမ်းကို၊ ရေစကြိုမြို့ ခလရ ၂၅၆ မှ စစ်မှုထမ်းတပ်သား မြင့်စိန်၊ ရေစကြိုမြို့ ခလရ ၂၅၈ မှ စစ်မှုထမ်းတပ်သား စည်သူကျော်တို့ Southern YSO PDF ထံ အလင်းဝင်ပြီးနောက် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဝန်ခံ (ရုပ်/သံ)
- April 30, 2025
“ဘလဗရွာကို မီးရှို့တာ ၂ ခါရှို့တာပေါ့နော်။ ပထမတစ်ခါ ရှို့ပြီးတဲ့အချိန်မှာ သူတို့ စစ်တပ်က ထိန်းသိမ်းထားတဲ့ ဘုန်းကြီးကျောင်းထဲမှာ ဓားစာခံလုပ်ဖမ်းထားတယ်။ ဘွားတော်ကြီး ၂ ယောက်ရယ် အဘိုးကြီး ၁ ယောက်ရယ် သူတို့က ၃ ယောက်။ မီးရှို့တာကိုမြင်တော့ သူတို့ အိမ်တွေမှာ နွားတွေ ချည်ထားခဲ့တာ ရှိတယ်ပြောတော့ မီးကို သွားငြှိမ်းပေးတယ်။ သွားငြှိမ်းတာ အယောက် ၃၀ လောက်ရှိမယ်။ ငြှိမ်းတဲ့ဟာကို သူတို့က ဓာတ်ပုံရိုက်ပြီးတော့ ဘာလုပ်လဲဆိုတော့ PDF က ရှို့ထားတဲ့ မီးကို တပ်မတော်သားတွေက ငြှိမ်းနေပါတယ်ဆိုပြီး လုပ်တယ်။ ရှို့တာက စစ်တပ်က ရှို့တာ”
‘ညီလေးက ပြည်သူ့သားကောင်း ဖြစ်မယ့်ကောင်’ ဆိုပြီး အချုပ်ထဲထည့်ကာ ညောင်ကျိုးတိုက်ပွဲအထိ ပို့ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား နန်းလင်းသူ၏ ပြောကြားချက် (ရုပ်/သံ)
- March 19, 2025
''တိုက်ပွဲအနေအထားက တော်တော်ကြမ်းတယ်။AA ထိုးစစ်ကလည်း ကြမ်းတယ်။ တက်သွားတုန်းက အင်အား ၂၀၀ လောက်တက်သွားတာ။ အောက်ကို ပြန်ဆင်းတော့ ၁၂၀ လောက်ပဲ ပြန်လာ တော့တယ်။ နတ်စင်ကုန်းဘက်ကို ပြန်ဆုတ်လာတာ တာဝါတိုင်ကုန်းကို တက်ပြီး ထိုးစစ်ဆင်တော့ အကျအဆုံးများတယ်ဆိုပြီ။ အဲဒီနတ်စင်ကုန်းကို AAက ထပ်ပြီးထိုးစစ်ဆင်တယ် ၂ ရက် ၃ ရက် ခြား။ စနိုက်ဘာနဲ့ နည်းနည်း နည်းနည်း ထိပြီးကျတာ။ အမှည့်ခြွေ ခြွေခံရတာ။ ၇၀ လောက်ပဲရှိတော့ တယ်။ အဲလည်းကျ AAက အင်အား ၁၀၀၀ လောက်နဲ့ဝင်ပြီးတော့ လုံးလိုက်တော့ အခုညောင်ကျိုး ကျသွားပြီ''
တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသည့် ရဲဘော် မုန်တိုင်း စျာပန (ရုပ်/သံ)
- July 25, 2025
ယင်းမာပင်ခရိုင်တပ်ရင်း ၃၄ က ရဲဘော် ခိုင်ဖြိုးဝေ(ခ) ရဲဘော်မုန်တိုင်း အသက် (၂၈)နှစ်ဟာ တာဝန်ထမ်းဆောင်နေစဉ် ကျန်းမာရေးချို့တဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ YOMA Fighter PDF -Yinmabin က သတင်းထုတ်ပြန်ထားပါတယ်။