စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် ငါးယှန်ရွာအနီးမှာ စစ်ကောင်စီယာဥ်တန်း ဖြတ်သန်းလာချိန် တော်လှန်ရေးအဖွဲ့တွေက ​စောင့်ကြိုတိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွား​နေချိန် နတ်ရေကန်ရွာက စစ်ကောင်စီတပ်ဟာ ခရီးသည်တင်ကား ၁ စီးကို တိုက်ပွဲဖြစ်​ပွားရာနေရာကို မောင်းနှင်ခိုင်းပြီး တိုက်ပွဲ​နေရာ​ကို ရောက်တဲ့အခါမှ ဆင်း​နေခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းပိတ်မိသွားတဲ့ ခရီးသည်တင်ယာဥ်ပေါ်က အသက် ၂၇ နှစ်အရွယ် မိခင်အမျိုးသမီးနဲ့ ၃ နှစ်အရွယ်သမီးငယ်၊ အခြားခရီးသည် အမျိုးသမီး ၁ ယောက်တို့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်​လေထီး​ (Paramotor) ပေါ်က ချတဲ့ ဗုံးထိမှန်ပြီး​ သေဆုံးခဲ့တယ်လို့ ချောင်းဦးပကဖအဖွဲ့ ဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က စက်တပ်လေထီး(Paramotor) တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် မြပုလဲစစ်ဆေးရေးဂိတ်ကနေလည်း လက်နက်ကြီးပစ်ကူတွေ ပေးခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုဗိုလ်တစ်ယောက် အပါအဝင် ၁၇ ယောက် သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ယောက် (မစိုးရိမ်ရတဲ့) ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်ကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅) လုံး ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် - TNLA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် ရဲစခန်း ၂ ခုနှင့် ရုံးပေါင်းစုံရုံးရှိရာကို ပကဖတိုက်ခိုက်ရေးတပ်များ လက်နက်ကြီးများ၊ RPG 7 များနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်အုပ်စုတွေရှိရာ စလင်းမြို့မရဲစခန်း၊ ရုံးပေါင်းစုံနဲ့ လင်းဇင်တိုက်နယ်ရဲစခန်းတို့ကို RPG 7 အပါဝင် လင်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။