စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အယောက် ၂၀ ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (လက်ရုံးတပ်) ULF စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ (၁၅)ရက် နေ့လယ်ပိုင်းမှာ ကင်မွန်းတော်ကျေးရွာ ပျူစောထီးစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားချိန်ကနေ (၁)နာရီခန့်အကြာမှာ ချောင်းဦးမြို့ပေါ်ထွေအုပ်ရုံး၊ မိုးကောင်းဘုန်းကြီးကျောင်း၊ မြပုလဲ၊ ခင်မွန်ဘက်စုံံမွေးမြူရေး  စစ်ကောင်စီအထိုင်စခန်းတွေက  (၁၂၀) မမ လက်နက်ကြီးတွေနဲ့ (၅၂)ကြိမ် ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိတ္ထီလာလေတပ်ကနေ FTC-2000G Jet fighter နဲ့ အဲ့ဒီနေ့ ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ULF စစ်ကြောင်းက ဆိုပါတယ်။

အဲ့ဒီနောက် ညနေပိုင်းမှာလည်း မုံရွာမြို့နယ်၊ ညောင်ဖြူပင်စခန်း၊ မုံရွာမြို့နယ်တောပု ပျူစောထီးရွာကနေ စစ်ကောင်စီတပ် ပူးပေါင်းအင်အား (၂၀၀)ခန့်ရှိတဲ့ စစ်ကူစစ်ကြောင်းနဲ့ လမ်းကြောင်းဖြတ်တောက်ရေးတာဝန်ယူထားတဲ့ တော်လှန်ရေးရဲဘော်တွေ (၁၅)မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ကင်မွန်းတော်ကျေးရွာ အရှေ့ဘက်ခြမ်းရှိ ဘန်ကာတွေ၊ ရွာမြောက်ဘက်ခြမ်းရှိ ဘန်ကာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ညပိုင်းမှာတော့ စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းက ကင်မွန်းတော်ရွာအနီး ချဉ်းကပ်လာတာကြောင့် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၁၆) ရက် ညနေပိုင်းမှာလည်း ချောင်းဦးမြို့တွင်းရောက် မုံရွာ နမခ အင်အား (၇၀)ခန့်နဲ့ အင်အားဖြည့် ရိက္ခာပို့ စစ်ကြောင်းက တော်လှန်ရေးတပ်တွေ အသင့်ထောင်ထားတဲ့ မိုင်းထိပြီး အထိနာခဲ့တယ်လို့ ULF စစ်ကြောင်းက ဆိုပါတယ်။

အဲ့ဒီနောက် ညပိုင်းမှာတော့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ လမ်းကြောင်း ဖြတ်တောက်ရေး တော်လှန်ရေးရဲဘော်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြပုလဲ စစ်ကောင်စီတပ် အထိုင်စခန်းကနေ (၁၂၀) မမ လက်ကြီး (၂၁)ကြိမ် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်ကလည်း FTC-2000G Jet Fighter နဲ့ လေကြောင်းပစ်ကူ (၁)ကြိမ် ၊ နမခ က စက်တပ်လေထီး Paramotor (၂)စီး နဲ့ လေကြောင်း ပစ်ကူ (၂)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ(၁၇)ရက် ညနေပိုင်းကလည်း နမခ ၊ ညောင်ဖြူပင်စခန်း၊ တော်ပုပျူရွာကနေ ကင်းမွန်တော်ရွာအတွင်း ရောက်ရှိခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းက အင်အားအချို့ ပြန်လည်ထွက်ခွာလာရာ တော်လှန်ရေးရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာတော့ မြပုလဲ စစ်ကောင်စီတပ် အထိုင်စခန်းက (၁၂၀)မမ လက်နက်​ကြီး (၂၃)ကြိမ်ပစ်ကူပေးခဲ့သလို မိတ္ထီလာလေတပ်ကလည်း Jet Fighter နဲ့ လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပစ်ကူပြုလုပ်ခဲ့တယ်လို့ ULF စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်က (၂၃) ယောက်ခန့် သေဆုံးခဲ့သလို ULF စစ်ကြောင်းက ရဲဘော် (၂) ယောက်နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲဘော် (၂) ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဆီက MA 1 (၄) လက်၊ MA 3 (၁) လက်၊ MA 11 (၃) လက်၊ G 3 (၁) လက်၊G 1(၁)လက် ၊ 60 mm စိန်ပြောင်း (၁) လက်၊ Lala (၁) လက် ၊ ကျည်ဘောက်မျိုးစုံ (၂၂)ဘောက် သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီရဲ့ သံပြားကာ ကား (၂) စီးကတော့ မောင်းနှင်မရတော့တာကြောင့် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ရုံးတပ်) ULF စစ်ကြောင်းနဲ့ ပူးတွဲတာဝန်ထမ်းဆောင်နေတဲ့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ B21 PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ၊ ရတနာပုံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်) ၊ Three Brothers Force (ကနီ) ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ SRC (Spring Revolution Cilinic) ကလည်း ဆေးဘက်ဆိုင်ရာ အကူအညီပေးခဲ့ပြီး ရင်းမြစ်ဌာနေ လေကြောင်းအထိုင်ကနေလည်း လေကြောင်းကင်းထောက်မှု ကူညီပေးခဲ့တယ်လို့ ULF စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

US ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ်ရှေ့မှာ အ​မေရိကန်ရောက် မြန်မာပြည်သူတွေက မြန်မာပြည် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမှာ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို လမ်းပေါ် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။