မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။

ရေစကြိုမြို့ပေါ်ကနေ အင်အား ၁၅ ယောက်တင်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်သံပြားကာယာဉ်ကို ဘက်စုံခြံကွေ့အနီး တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

တော်လှန်ရေးပူးပေါင်းတပ်တွေက သံပြားကာယာဉ်ကို အပြီးသတ်တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားခဲ့ပေမယ့် ခလရ ၂၅၆ တပ်ရင်းထဲ မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ပေါင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ် ရွေးကောက်ပွဲအတု ပြုလုပ်နေချိန် PDF များ အမြန်လမ်းတွင် စစ်ဆေးရေးလုပ်ခဲ့

အာဏာသိမ်းစစ်တပ်က ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ စတင်ကျင်းပနေချိန်အတွင်း PDF ရဲဘော်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကို တက်ပြီး လုံခြုံရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗိဿနိုးတောင်‌ပေါ်တွင် တပ်စွဲထားသည့် အင်အား ၄၀ ခန့်ရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဗိဿနိုးတောင်ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်စခန်းကို ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက  Shar Htoo Waw နည်းပညာ Fixed wing Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်မှုထမ်းတပ်သားသစ်များ တင်ဆောင်လာသည့် ကွန်တိန်နာသင်္ဘောအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်မှုထမ်းတပ်သားသစ်တွေ တင်ဆောင်ပြီး ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ကွန်တိန်နာသင်္ဘောကို မတ်လ ၄ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်ထံက သိရပါတယ်။
Read More

လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ ယာဉ်တန်းနဲ့ လမ်းကင်းယူပေးတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ထုတ်ပြန်ပါတယ်။
Read More

လင်းဇင်တိုက်နယ်ရဲစခန်းအား ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် လင်းဇင်တိုက်နယ်ရဲစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။