မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က စစ်ကောင်စီအထိုင်ဂိတ်ကို ပြောက်ကျားပုံစံ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၄ယောက်သေဆုံးခဲ့ကြောင်း Myimgyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။

မတ်လ ၃ရက်နေ့၊ မနက်ပိုင်းက မြင်းခြံမြို့၊ အမှတ် (၁၈) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို MBT နဲ့ တော်လှန်ရေးတပ်တွေက ပြောက်ကျားသွားရောက်ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

“အမှတ် (၁၈) ရပ်ကွက်က မြင်းခြံမြို့ရဲ့ ထွက်ပေါက်၊ ဝင်ပေါက်လို့လည်း ပြောလို့ရသလို ဂယ်ပေါက်လို့လည်း ပြောရမယ်။ ကျနော်တို့ မနက် ၁၀ နာရီလောက်မှာ MBT နဲ့ ညီနောင်တွေက ဝင်ပစ်တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဥ်နဲ့ မြင်းခြံကို ပြန်တင်သွားပါတယ်။ ဆေးရုံပဲခေါ်သွားသလားတော့ မသိရသေးပါဘူး” လို့ Myimgyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့က မြင်းခြံ၊ အမှတ် (၁၈) ရပ်ကွက်ရှိ စစ်တပ်ဂိတ်အား MBT နဲ့ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်နေစဥ်

၁၅မိနစ်အကြာ ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို စစ်ဆေးရေးဂိတ်နားမှာရှိတဲ့ မြင်းခြံ အ.ထ.က (၂) ကျောင်းဝန်းအတွင်း အခေါင်းဖုံးတွေနဲ့ ထားရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နဲ့ BGF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့ကလည်း အထက်ပါ စစ်တပ်နဲ့ပျူစောထီးတွေရှိ​တဲ့အမှတ် (၁၈) ရပ်ကွက်ဂိတ်ကို MBT နဲ့ ပူးပေါင်းတပ်တွေ ပြောက်ကျားပုံစံဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတွေ ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

Myingyan Black Tiger (MBT) တပ်ဖွဲ့အနေနဲ့ လက်ရှိမှာ အခြေခံစစ်ပညာအပတ်စဥ် (၁၆) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သလို မြင်းခြံ၊ ပုပ္ပါး၊ ဝမ်းတွင်းနဲ့ ရေစကြိုမြို့နယ်တွေအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့က မြင်းခြံ၊ အမှတ် (၁၈) ရပ်ကွက်ရှိ စစ်တပ်ဂိတ်အား MBT နဲ့ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်နေစဥ်
ဖေဖော်ဝါရီလ ၂၅ရက်နေ့က မြင်းခြံ၊ အမှတ် (၁၈) ရပ်ကွက်ရှိ စစ်တပ်ဂိတ်အား MBT နဲ့ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

ကရင်နီမှာ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်သွားစေတဲ့ ၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ခဲ့ပြီ

၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန၏ စစ်မြေပြင် ဆေးပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ စစ်ဆေးဌာနက ဖွင့်လှစ်တဲ့ စစ်မြေပြင်အခြေပြု အခြေခံ ဆေးပညာသင်တန်း အပတ်စဥ် (၁/၂၀၂၅) ကို ပဲခူးတိုင်းစစ်ဌာန၊ စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ 
Read More

တနင်္သာရီတိုင်းထဲမှာ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့၊အောက်တိုဘာလအတွင်း တိုက်ပွဲတွေပိုမို ပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေ အသိပေး

တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ တနင်္သာရီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ FE5 Tanintharyi က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူမှာ DKBA တပ်ဖွဲ့ နဲ့ NMSP တပ်ဖွဲ့တို့ ညှိနှိုင်းမှုနဲ့ ဂိတ်တွေ ပြန်ဖြုတ်

ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြားမှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် နှစ်ဖက်စလုံးရဲ့ ဂိတ်စခန်းတွေကို ပြန်လည်ဖြုတ်သွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။