ရန်ကုန်တိုင်းမှာ ဖေဖော်ဝါရီလအတွင်း စစ်ရေးလှုပ်ရှားမှု ၈ ကြိမ် လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်တာတွေ ရှိခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။ 

ရန်ကုန်တိုင်းအတွင်း ဖေဖော်ဝါရီလမှာ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၈) ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့အထဲမှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၆) ကြိမ်၊ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၁) ကြိမ်နဲ့ လုပ်ကြံမှု (၁) ကြိမ်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာ လှော်ကား ရဲအကြပ်အတတ်သင်ကျောင်း၊ ဘုရင့်နောင်လမ်းနဲ့ ပါရမီလမ်းထောင့်ရှိ တပ်ထိန်းတပ် ဂိတ်ပေါက်ဝ၊ သန်လျင်ရွေးကောက်ပွဲကော်မရှင်ရုံး၊ မှော်ဘီမြို့နယ်ရဲတပ်ဖွဲမှူးရုံး၊ တောင်မြောက်လမ်းဆုံ ရဲစခန်း၊ မဝတလမ်းဆုံအနီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ပစ်ခတ်ဖောက်ခွဲမှု မစ်ရှင်တွေ ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်ဖောက်ခွဲမှုတွေအတွင်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပြီး ဒေါပုံမြို့နယ်မှာလည်း စစ်ကောင်စီလက်အောက်ခံ မဲစာရင်းကောက်သူ(၃) ယောက်ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီပက်ကာ မီးရှို့မှု ရှိခဲ့တယ်လို့ Operation Flame က ဆိုပါတယ်။

ဒါ့အပြင် ဘုရင့်နောင်ကားဝင်းအတွင်းရှိ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြှင့်မိုင်း (၁)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပေမယ့် မိုင်းပစ္စည်းချို့ယွင်းမှုဖြစ်ခဲ့ပြီး မပေါက်ကွဲခဲ့ဘူးလို့လည်း Operation Flame အဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးဆီမီးသပိတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ ချောင်းဦး ဆီမီးသပိတ် ပြုလုပ်ရင်း သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် တစ်ဦး သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက်မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။
Read More

ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် “၈၀ချစ်တယ်” ဟူသော စာတန်း ချိတ်ဆွဲဆန္ဒထုတ်ဖော်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် "၈၀ချစ်တယ်" ဆိုတဲ့ စာတန်း ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုဒုံတွင် ပစ္စတိုတစ်လက်နဲ့ ဆက်စပ်ပစ္စည်းများ တွေ့ရှိသည်ဆိုကာ လူ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ပစ္စတိုသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။