ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာမှာနေထိုင်တဲ့  ပျူစောထီး ခင်မောင်ဝင်းဟာ ကျေးရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) ထံက သိရပါတယ်။

မနေ့က မတ်လ ၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ တာကလေးကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းရှိ ဇရပ်မှာ အဆိုပါ ပျူစောထီးဖြစ်သူကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၃)၊ တပ်ခွဲ (၂) နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူ့ကိုရှင်းဖို့လုပ်နေတာကြာပြီ။ သူ့ကံက ကောင်းတာလား ဘယ်လိုကြောင့်လဲမသိဘူး တစ်ခါမှမအောင်မြင်ခဲ့ဘူး၊ အခုကတော့ ကျနော်တို့က ကိစ္စတစ်ခုနဲ့ တာလေးဘက်သွားရင်း ပျူစောထီး ခင်မောင်ဝင်း ဇရပ်ထဲမှာ ထိုင်နေတာကို ရဲဘော်တစ်ယောက်ကမြင်လို့ ရှင်းလိုက်နိုင်တာပါ” လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃)⁩ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် ပျူစောထီးဖြစ်သူထံက စစ်ကောင်စီတပ်တွေနဲ့ ဆက်သွယ်ပြောဆိုထားတဲ့ မိုလ်ဘိုင်းဖုန်း ၁လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီး ခင်မောင်ဝင်း

“စစ်တပ်က စစ်မှုထမ်းတွေခေါ်ဖို့လုပ်တော့ ရွာကလူငယ်တွေကို မြို့ထဲမှာ ရှောင်နေတဲ့ အုပ်ကြီးအစား သူက စစ်တပ်ထဲ အတင်းအကြပ်ထည့်တယ်၊ စစ်မှုထမ်းကြေးဆိုတာလည်း သူက ဦးဆောင်ကောက်တယ်။ သူကောက်တဲ့ ငွေမပေးလို့ဆိုပြီး စစ်တပ်ခေါ် ပေါ်တာဆွဲခိုင်းလို့ ရွာကလူငယ်တွေ ရှောင်နေကြရတယ်” လို့ဆိုပါတယ်။

ပျူစောထီး ခင်မောင်ဝင်းဟာ စစ်မှုထမ်းကြေးဆိုပြီး ငွေကြေး အတင်းအကြပ်ကောက်ခံကာ ငွေမပေးသူတွေကို စစ်တပ်ခေါ်ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီထံ မဟုတ်မမှန်သတင်းပေးကာ ပြည်သူတွေကို ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းပြီး စစ်တပ်ထံ သတင်းပေးခြင်းတွေကို လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) က ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်တပ်နဲ့ စစ်တပ်ထောက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုအနီး သွားလာနေထိုင်ခြင်းတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းရောက် ရဲဘော်တွေ စစ်အသုံးအဆောင်ပစ္စည်းတွေ ဆင်ပေးခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက် စစ်ကြောင်းရဲ့ The Life Armor Project ကနေ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရှေ့တန်းမှာရှိတဲ့ ရဲဘော်တွေကို ကျည်ကာ အင်္ကျီ ၊ ကျည်ကာဦးထုပ် ၊ ကျည်ကာပြား ၊ ကျောပိုးအိတ်နဲ့ ဖိနပ်တွေ တပ်ဆင်ပေးန်ိုင်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှ စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ပုသိမ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲအချင်းချင်း ဓားနဲ့ထိုးလို့သေတဲ့ ဒုရဲမှူးကို ခိုးချောင်ခိုးဝှက် မီးသဂြိုလ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်က SB ရုံးမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဓားထိုးခံရလို့သေဆုံးခဲ့တဲ့ အထူးစစ်ဆေးရေးအဖွဲ့ ဒုရဲမှူး အောင်ကိုမင်း ကို စက်တင်ဘာလ ၂၀ရက် ဒီနေ့မနက်ပိုင်းမှာ လူအသိမခံဘဲ ခိုးချောင်ခိုးဝှက် သဂြိုလ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ကျွန်းလှအပါ မြို့နယ် ၃ ခုက ရွာတွေကို စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူပြီး ကြီးပွားနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ​ကျွန်းလှမြို့နယ်အပါအဝင် မြို့နယ်၃ခုက ကျေးရွာတွေမှာ စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်ရင်း ကြီးပွားနေကြကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၈ ဦးကျော် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်တပ်ဘက်မှ ၈ဦးကျော် သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့၊ မနက်အစောပိုင်းမှာ ကော့ကရိတ်ကို စစ်တပ်က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ထိဖိုးစံ နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါနေရာမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်က အလောင်း ၈လောင်းနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။