မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၅၆)တပ်ရင်းလက်အောက်ရှိ အဆိုပါ စစ်သားကို ဖေဖော်ဝါရီ ၂၇ ရက်က ရေစကြိုမြို့ရှိ အမှတ်(၃) သောင်ခုံပေါ်တစ်နေရာမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်သုံ့ပန်းနဲ့အတူ MA1တစ်လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မတပ်သားသစ် စုဆောင်းခံခဲ့ရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ အပါအဝင် နိုဝင်ဘာလအတွင်း အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲဥပဒေကြောင့် ဖမ်းဆီးခံရသူ ၁ယောက် အပါအဝင် အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသတွင်း လူ့အခွင့်အရေးချိူးဖောက်မှု အစီရင်ခံစာအရ သိရပါတယ်။ နိုဝင်ဘာလအတွင်း ရေးမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ တိုက်ခိုက်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ပြီး ရေးမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ရာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်က သေဆုံးသူ (၁၄) ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ (၅) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အုတ်ဖိုမှာ ကင်းထောက်နေတဲ့ PDF တစ်ယောက် စစ်ကောင်စီတပ်တွေနဲ့ တိုးကာ အသတ်ခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကင်းထောက်နေတဲ့ PDF ရဲဘော် ၁ယောက် စစ်ကြောင်းနဲ့ တိုးကာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သာယာဝတီခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံံထံက သိရပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ULA/AA ၏ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦးဦးလှစောဟာ မနေ့က ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။