မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းမှာ ဂိတ်ထွက်စစ်တဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ် တိုက်ခိုက်ခံရပြီး နေရာမှာတင် ၁ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၄ ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ စစ်တပ်ဂိတ်မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ်တိုက်ခိုက်ရင်း ၁၅ မိနစ်ကြာ ထိတွေ့မှုဖြစ်ခဲ့တာလို့ Earthquake People’s Defence Force တာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာက ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းပေါ်ပါ။ ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းရှေ့မှာရှိတဲ့ ဂိတ်ကို သူတို့ထွက်စစ်တုန်း ကျနော်တို့ တိုက်ခိုက်ခဲ့တာ။ မီတာ ၅၀ အကွာလောက်ကနေ ပစ်တာ စခ ၁ကောင် ပွဲချင်းပြီး သေပါတယ်။” လို့ Earthquake People’s Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Earthquake People’s Defence Force နဲ့အတူ Thurain TR၊ Hunter (Pakokku)၊ Six Senses Guerrilla Force၊ Justice Revolution Force နဲ့ မြိုင်ပကဖ (ကိုနှင်းဂွေး) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

Earthquale People’s Defence Force တပ်ဖွဲ့ဝင်များ

နှစ်ဖက်တိုက်ခိုက်မှုအတွင်း အရပ်သား ကုန်ကား၁စီးကိုလည်း ပစ်ခတ်တိုက်ခိုက်မိတဲ့အတွက် အရပ်သားတွေအနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေ အနီးအနား သွားလာခြင်းမပြုဖို့ကိုလည်း တာဝန်ရှိသူက ပြောပါတယ်။

“ကုန်ကားက စစ်ဆေးရေးဂိတ်မှာ ဆန်ချပေးနေတာပေါ့နော်။ အဲ့အချိန် စခတစ်ကောင်က အဲ့အရှေ့ကိုထွက်လာတော့ ထိသွားတာပေါ့။ လူတော့အထိအခိုက်မရှိပါဘူး။ ကုန်ကားနောက်ပိုင်း အနည်းငယ် ထိခိုက်သွားတာပါ။ ဖြစ်နိုင်ရင် ပြည်သူတွေအနေနဲ့ စကစတွေ ဝေးရာမှာ သွားလာစေချင်ပါတယ်။ ကျနော်တို့လည်း မထိခိုက်ရအောင် အတက်နိုင်ဆုံးလုပ်ဆောင်နေပါတယ်” လို့ Earthquake People’s Defence Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိမှာ ပခုက္ကူခရိုင်အတွင်းက ပခုက္ကူ၊ မြိုင်နဲ့ပေါက်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေ ဆက်တိုက်ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“လက်ရှိက စစ်ရေးအရှိန်မြင့်နေချိန်မို့ ပြည်သူတွေအနေနဲ့လည်း စစ်ရေးသတင်းလေးတွေ နားစွင့်ထားသင့်ပါတယ်။ အခုဆို စကစက လေကြောင်းတိုက်ခိုက်မှု​တွေ ခပ်စိပ်စိပ်လုပ်လာတော့ ပိုပြီးသတိထားစေချင်တာပါ။” လို့ Earthquake People’s Defence Force တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေးဆိုသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA - PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အလွန်အကျွံ အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနုကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အသက် ၆၀ ကျော် အရွယ်ကို စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။